Healthy Life Ad
Humour

ငုံထားပြီးမှ ပြောရလား . . .

ကိုခန့်တစ်ယောက် နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတွေ ရိတ်ရန် ဆံပင်ညှပ်ဆိုင်သို့ ရောက်လာလေသည်။ ဆံပင်ညှပ်ဆရာက ပိုပြီးရိတ်လို့ကောင်းစေရန် သစ်သားလုံးလေးတစ်လုံးအား ငုံခိုင်းထားပြီး ရိတ်ပေးလေသည်။ အားလုံးရိတ်လို့ပြီးသောအခါ ကိုခန့်က ဆံပင်ညှပ်ဆရာသို့ ပြောသည်။

“ခင်ဗျာနည်းက တယ်ဟုတ်ပါလား၊ ပုံမှန်ရိတ်တာတွေထက် ပိုပြောင်တယ်ဗျ၊ ဒါပေမဲ့ မတော်တဆ ဒီသစ်သားလုံးလေးကိုမျိုချမိသွားရင် ဘယ်နှယ့်လုပ်မလဲ…”

“မျိုချမိသွားလည်း ကိစ္စမရှိပါဘူး . . . ရှေ့က တခြားသူတွေလိုပဲ နောက်နေ့ အိမ်သာတက်ပြီးမှ ပြန်လာပေးလို့ရပါတယ်ဗျ…”

Most Popular

Healthy Life Ad
To Top