Healthy Life Ad
Q & A

ဆံပင်ဆိုးဆေးနဲ့ မတည့်တဲ့ လက္ခဏာတွေပေါ်ရင်

မေး. ဆံပင်ဆိုးဆေးနဲ့မတည့်တဲ့ လက္ခဏာတွေပေါ်လာရင် ဘယ်လိုကုသရပါမလဲ ဆရာမ။
ဒေါ်သဇင်ထူး၊ သာကေတ။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဆံပင်ဆိုးဆေးနဲ့ ထိတွေ့တဲ့နေရာတွေဖြစ်တဲ့ မျက်ခွံ၊ ဆံပင်အနားစပ်၊ ဦးရေပြား၊ လည်ပင်းတွေအပြင် နောက်ကျောနဲ့ ကိုယ်လုံးတွေမှာပါ တုံ့ပြန်မှုဖြစ်တတ်ပါတယ်။ အရေပြားပူတာ၊ ယားတာ၊ နီတာ၊ ရောင်ရမ်းတာ၊ အရည်ကြည်ဖုတွေဖြစ်တာ၊ အဖုတွေပေါက်ပြဲပြီး သားငံရည်ထွက်တာ၊ ပြည်တည်တာ၊ မီးလောင်ထားသလို အရေပြားအခွံကွာတာ၊ အကြေးဖတ်တွေဖြစ်လာတာတို့ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ဟစ္စတာမင်းဓာတ်ကြောင့် မိနစ်ပိုင်း ဒါမှမဟုတ် နာရီပိုင်းလောက်အတွင်း အရေပြား နီရဲရောင်ရမ်းလာရုံသာမက အင်ပျဉ်လို အနီပြင်အနီဖုတွေ တစ်ကိုယ်လုံးမှာပေါ်တတ်ပါတယ်။ အသက်ရှူကျပ်မယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ နှာရည်ကျမယ်၊ အစာမျိုရခက်မယ်၊ အန်မယ်။ ဒီလို လက္ခဏာတွေ သိသိသာသာဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလို ဓာတ်မတည့်လက္ခဏာတွေပေါ်လာရင် ချက်ချင်းခေါင်းလျှော်ပေးရပါမယ်။ ဦးရေပြားကို ဆပ်ပြာပျော့ပျော့နဲ့ ဆေးကြောရပါမယ်။ အယားအပျောက်ဆေး၊ အရောင်ကျဆေးတွေနဲ့ စနစ်တကျ ဆေးကုသမှု ခံယူရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top