Healthy Life Ad
International

ဦးခေါင်းချင်းဆက်အမြွှာညီအစ်ကိုက သီးခြားဘဝတစ်ခုစီ နေထိုင်ဖို့ ခွဲစိတ်ချင်ဟုဆို

၊ ကိုမိုး ၊

အိန္ဒိယနိုင်ငံမှ အသက် ၂နှစ်အရွယ် ဦးခေါင်းချင်းဆက်အမြွှာညီအစ်ကို ဟန်နီနဲ့ဆင်းတို့ဟာ ဦးခေါင်းချင်း ဆက်နေပေမယ့် သီးခြားဦးနှောက်တွေရှိကြပါတယ်။ ကလေးနှစ်ယောက်ကို ၂၀၁၅ မတ်လ ၉ရက်နေ့က ကန်ဒါမာခရိုင်ရှိ ဒေသတွင်းဆေးရုံတစ်ရုံမှာ မွေးဖွားခဲ့ပါတယ်။ ဆင်းရဲတဲ့ မိဘတွေက ဆေးမကုသနိုင်တာကြောင့် ဦးခေါင်းချင်းဆက်တာကို ဖယ်ရှားခွဲစိတ်ပေးမယ့် အကူအညီရဖို့ မျှော်လင့် နေကြပါတယ်။ ယခုအခါမှာ ဒေလီရှိ အိန္ဒိယဆေးသိပ္ပံအဖွဲ့အစည်းက ကလေးနှစ်ယောက်ရဲ့ ဦးခေါင်းချင်းဆက်တာကို ဖယ်ရှားနိုင်မလားဆိုတာ သိရှိနိုင်ဖို့ ဆေးစစ်ဆေးမှု ပြုလုပ်ပေးတော့မယ် လို့သိရပါတယ်။

လွန်ခဲ့တဲ့လကလည်း အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယားမှ ဦးခေါင်းချင်းဆက်အမြွှာညီအစ်မကို ၁၁ နာရီကြာတဲ့ ပိုင်းခြားခွဲစိတ်မှုပြုလုပ်ခဲ့ပါသေးတယ်။ မျိုးအောင်တဲ့ ဥတစ်လုံးကနေ ၈ ရက်ကနေ ၁၂ရက်အတွင်း ဥနှစ်လုံးအဖြစ် ကွဲထွက်ဖွံ့ဖြိုးတဲ့အခါ မိခင်တွေမှာ အမြွှာသန္ဓေရလေ့ရှိပါတယ်။ ဒီထက်နောက်ကျကာ အများအားဖြင့် ၁၃ ရက်ကနေ ၁၅ ရက်ကြား ကွဲထွက်ဖွံ့ဖြိုးပါက ကိုယ်ချင်းဆက်အမြွှာရလေ့ရှိတတ်ကြောင်း သိရပါတယ်။ တစ်ပိုင်းတစ်စသာ ကွဲထွက်ဖွံ့ဖြိုးလေ့ရှိတာကြောင့် အများအားဖြင့် ဦးခေါင်း၊ ရင်ဘတ်၊ တင်ပါးဆုံရိုးချင်းဆက် အမြွှာများမွေးဖွားလေ့ရှိတတ်တယ်လို့ သိရပါတယ်။

(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top