Healthy Life Ad
Q & A

ဆီးချိုသကြားက ဆီးချိုမတက်ဖူးလား . . .

မေး။ ။ ဆီးချိုသမားတွေက သီးသန့်သကြားကို သုံးလို့ရပါသလား။ အဲဒီသကြားက ဆီးချို တကယ်မတက်ဖူးလား။
ဒေါ်ခင်မြင့်(FB)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ ဆီးချိုသမားတွေက သီးသန့်သကြား သုံးလို့ရပါတယ်။ အခုနောက်ပိုင်း သဘာဝကထုတ်ထားတဲ့ ဆီး ချိုသကြားတွေ ရှိပါတယ်။ သုံးလို့ရပါတယ်။ ဆီးချိုသကြားက ပါးစပ်ထဲမှာပဲ ချိုပြီး သွေးထဲကို မရောက်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်က ဆီးချိုသကြားသုံးမယ်ဆိုရင် တစ်ရက်ကို နှစ်ထုပ်-သုံးထုပ်ထက် ပိုမသုံးသင့်ပါဘူး။ ဆီးချိုသကြားကလည်း ဓာတုပစ္စည်း (Chemical)နဲ့ ပဲထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် သိပ်အများကြီး မစားသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top