Healthy Life Ad
Life Style

လူကြီးလူကောင်းဆန်သူတို့၏ အရည်အချင်းများ

တွေ့တွေ့ချင်းပြုံးခြင်း
လူတစ်ယောက်နဲ့စတွေ့တဲ့အချိန် သုံးစက္ကန့်လောက်အတွင်းမှာ မြင်မြင်ချင်း အထင်အမြင် ကောင်းစေဖို့ အပြုံးက အရေးကြီးပါတယ်။

အလုပ်ကို ချစ်မြတ်နိုးစွာ လုပ်ကိုင်ခြင်း
အလုပ်ကို ချစ်မြတ်နိုးတန်ဖိုးထားပြီး လုပ်ကိုင်တာက အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။

အကောင်းဘက်က ရှူမြင်သုံးသပ်ခြင်း
အကောင်းမြင်သဘောထားနဲ့ နေထိုင်တာကြောင့် စိတ်ကိုရွှင်ပြစေပါတယ်။ အကောင်းမြင်တာကြောင့် အိုမင်းတဲ့လက္ခဏာကို နှေးစေပါတယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်း
ဉာဏ်ရည်ထက်မြက်စေဖို့အတွက် အိပ်ရေးဝ၀ အိပ်စက်ပေးဖို့လိုသလို ကိုယ်လက်လှုပ်ရှားမှုလည်း လုပ်ရပါမယ်။

ထမင်းစားရာတွင် စနစ်တကျစားခြင်း
အစာစားတဲ့အခါမှာ စားပွဲမှာ အကျအနထိုင်ပြီး အနေအထားမှန်မှန်ထိုင်ကာ စားသောက်တတ်ပါတယ်။ အစာကို ကြေညက်အောင် ကြိတ်ဝါးပြီး စားတတ်ပါတယ်။

ကိုယ်ရနံ့ သင်းပျံ့ခြင်း
ကိုယ်ရနံ့နဲ့ ခံတွင်းရနံ့သင်းပျံ့တာက တခြားသူတွေနဲ့ ပေါင်းဖော်တဲ့အခါမှာ ဆွဲဆောင်မှုပိုရှိစေပါတယ်။

အခမ်းအနားအလိုက် ဝတ်ဆင်ခြင်း
လူကြီးလူကောင်းဆန်တယ်ဆိုတဲ့ သူတွေက နေရာနဲ့အချိန်အခါကိုကြည့်ပြီး ဝတ်တတ်ပါတယ်။

ကြင်နာပြီး ယဉ်ကျေးမှုရှိခြင်း
ပတ်ဝန်းကျင်က လူတွေအပေါ် ယဉ်ယဉ်ကျေးကျေးနဲ့ ကြင်ကြင်နာနာ ဆက်ဆံတတ်တာက သူတို့ကို တန်ဖိုးထားရာ ရောက်သလို သင့်အသွင်အပြင်ကိုလည်း ပိုမိုတောက်ပစေပါတယ်။

အချိန်ကို လေးစားလိုက်နာခြင်း
အချိန်အတိအကျ လုပ်ဆောင်တတ်တယ်ဆိုတာက သင့်အနေနဲ့ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ပြီး သင့်ပတ်ဝန်းကျင်က လူတွေကိုလည်း လေးစားမှုရှိတယ်ဆိုတာ ဖော်ပြရာရောက်ပါတယ်။

ကူညီတတ်ခြင်း
စေတနာ့ဝန်ထမ်းလုပ်ပြီး ကူညီတာက ကောင်းပါတယ်။ တကယ်လို့ အဲဒီလိုလုပ်ဖို့အချိန် မပေးနိုင်ဘူးဆိုရင်လည်း သင့်ပတ်ဝန်းကျင်က လူတွေကိုတတ်နိုင်သမျှ ကူညီလိုက်ပါ။ ကူညီတတ်တဲ့သူတွေက ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတို့ တိုးစေပြီး စိတ်ဓာတ်ကျရောဂါ မဖြစ်စေပါဘူး။

ရယ်မောပျော်ရွှင်တတ်ခြင်း
ကျယ်လောင်တဲ့အသံနဲ့ ရယ်မောလိုက်တာက ဆေးကောင်းတစ်လက်ကို မှီဝဲလိုက်သလိုမျိုး သင့်ကိုကျန်းမာစေပါတယ်။

အသင့်အတင့်ကို နားလည်ခြင်း
ဘယ်အရာမဆို အသင့်အတင့် လုပ်ဆောင်တာက သင့်ကို ကျန်းမာရေးနဲ့ညီညွတ်စေသလို လူကြီးလူကောင်းပီသစေပါတယ်။ အစားအစာကို အာဟာရပြည့်တာရွေးချယ်ပြီး စားသောက်ပါ။ အရက်ကို တစ်နေ့နှစ်ခွက်ထက် ဘယ်တော့မှ ပိုမသောက်ပါနဲ့။ လေ့ကျင့်ခန်းကို တစ်ပတ်မှာ ငါးရက်လောက် လုပ်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top