Healthy Life Ad
Humour

တကယ့် လျှို့ဝှက်ချက်က ဒီလိုပါ …

“ဦးလေးတို့ လင်မယားနှစ်ယောက် အခုလိုအိမ်ထောင်သက်တမ်းအရှည်ကြီး တစ်လျှောက်လုံး တစ်ယောက်ကိုတစ်ယောက် ဘယ်လိုနားလည်မှုတွေပေးပြီး လက်တွဲခဲ့ကြတာလဲ နည်းနည်းလောက် ပြောပြပါလားဗျာ..”

“ငါတို့လင်မယားက ယူပြီးထဲက တစ်ပတ်ကိုတစ်ကြိမ် စားသောက်ဆိုင်ကောင်းကောင်းကိုသွားတယ်၊ စားစရာကောင်းကောင်းလေးမှာ၊ ဖယောင်းတိုင်မီး အရောင်လေးနဲ့ တေးသံသာသာလေးနဲ့ အဲ့လိုမျိုးလေး သွားစားပြီး စိတ်ညစ်တာတွေကို ဖြေဖျောက်တယ်ကွ…”

“တစ်ခြားစုံတွဲတွေလည်း အဲလိုမျိုးလုပ်တဲ့ သူတွေရှိပါတယ်… အဲ့လိုလုပ်တိုင်း အဆင်မပြေတာတွေ ပျောက်သွားရောလား…”

“အေး… တစ်ခုတော့ရှိတာပေါ့ ငါကအပတ်တိုင်း စနေနေ့ကိုသွားစားပြီး မိန်းမကတော့ သောကြာနေ့ သွားစားလေ့ရှိတယ်ကွ…”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top