Healthy Life Ad
Health Tips

ရာသီတုပ်ကွေးကာကွယ်နိုင်မယ့် သင့်လက်တစ်ကမ်းအကွာက အစာများ

ဒီအချိန်မှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကာကွယ်နိုင်ဖို့အရေးပါတဲ့ အစာတွေက သင့်လက်တစ်ကမ်းမှာ ရှိနေပါတယ်။

(၁) ကြက်သွန်ဖြူ
အနံ့ပြင်းတဲ့ ဒီစူပါအစာက တုပ်ကွေးတွန်းလှန်နိုင်စွမ်း ရှိပါတယ်။ ကြက်သွန်ဖြူမှာ အယ်လီယွန်နဲ့ အယ်လီစင်လို့ခေါ်တဲ့ဒြပ်ပေါင်းတွေပါဝင်ကာ ဗိုင်းရပ်စ်ပိုးတွေကိုဆန့်ကျင်ပေးပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မိတဲ့အခါ ကြက်သွန်ဖြူက အဲဒီပိုးတွေကို ဖျက်ဆီးတွန်းလှန်ပေးပါတယ်။
တုပ်ကွေးတွန်းလှန်နိုင်ဖို့ အကောင်းဆုံးနည်းက ကြက်သွန်ဖြူကို အစိမ်းလိုက်စားပေးရမှာပဲ ဖြစ်ပါတယ်။ အရသာကိုမကြိုက်ရင် ကြက်သွန်ဖြူကို ထောင်းပြီး ရေနဲ့မျှောချပါ၊ ဒါမှမဟုတ် ပျားရည်ထဲ ထည့်စိမ်ပြီးစားပေးပါ။ ဟင်းထဲထည့်စားရင်တောင် ဆာလဖာပါတဲ့ ဒြပ်ပေါင်းတွေရှိတဲ့အတွက် ပိုးမွှား တွန်းလှန်နိုင်စွမ်းရှိနေပါတယ်။

(၂) ကြက်သွန်နီ
ကြက်သွန်ဖြူလိုပဲ ကြက်သွန်နီမှာလည်း အယ်လီယွန်နဲ့ အယ်လီစင်လို ပိုးသတ်ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ တုပ်ကွေးတွန်းလှန်နိုင်စွမ်းရှိဖို့ ကြက်သွန်နီကို အစိမ်းလိုက်စားပေးရမှာပါ။ ဒါမှမဟုတ် ကြက်သွန်နီစွပ်ပြုတ် အနေနဲ့ စားပေးပါ။

(၄) ဘယ်ရီသီးများ
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးအားလုံးမှာ အင်တီအောက်ဆီးဒင့်ပါဝင်မှုများတဲ့အတွက် တုပ်ကွေးဗိုင်းရပ်စ်ကို တွန်းလှန်ပေးနိုင်ပါတယ်။ တုပ်ကွေးအဖြစ်များတဲ့ ကာလအတွင်း ကျန်းမာရေးကောင်းနေစေဖို့ နေ့တိုင်းဘယ်ရီသီး အကြမ်းပန်းကန်လုံးတစ်ဝက်လောက် စားပေးပါ။ ဒိန်ချဉ်ထဲ ထည့်စားပေးရင် ပိုကောင်းပါတယ်။

(၅) အသားစွပ်ပြုတ်
အသားစွပ်ပြုတ်မှာ ဗိုင်းရပ်စ်တား အာနိသင်ရှိပါတယ်။ အသားစွပ်ပြုတ်ပူပူတစ်ခွက်စားလိုက်ရင် နှာခေါင်းနဲ့ လည်ချောင်းကို နွေးထွေးစေပြီး ဗိုင်းရပ်စ်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။
အသားစွပ်ပြုတ်လုပ်တဲ့အခါ ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)၊ ငရုတ်ကောင်းစတာတွေထည့်ပြီး သောက်ပေးပါ။

(၃) ချင်း(ဂျင်း)၊ နနွင်းမှုန့်၊ သစ်ကြံပိုးခေါက်စသည့် ဟင်းခတ်အမွှေးအကြိုင်များ
ချင်း(ဂျင်း)၊ နနွင်း(ဆနွင်း)မှုန့်၊ လေးညှင်းနဲ့ သစ်ကြံပိုးခေါက်တို့လို ဟင်းခတ်အမွှေးအကြိုင်တွေမှာ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ နေ့တိုင်းဟင်းခတ် အမွှေးအကြိုင်ကို ဟင်းလျာထဲ ထည့်စားပေးပါ။ ဖျားချင်သလိုလို ခံစားရရင် ချင်းပြုတ်ရည် သောက်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top