Healthy Life Ad
International

တရုတ်နိုင်ငံ၏ အချမ်းသာဆုံး သူဌေး ဂျက်မားက ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ဒေါ်လာ ၁၄ သန်းကျော် လှူဒါန်း

အလီဘာဘာတည်ထောင်သူနဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးဖြစ်တဲ့ ဂျက်မားက ဝူဟန်ကော် ရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရှာတွေ့နိုင်ရန် သူ့ဖောင်ဒေးရှင်းမှ တဆင့် ယွမ် သန်း ၁၀ဝ (အမေရိကန် ဒေါ် လာ ၁၄ ဒသမ ၄ သန်း)ကို လှူဒါန်းခဲ့ပါတယ်။

ဂျက်မားက တရုတ်အစိုးရသုတေသနအဖွဲ့အစည်းနှစ်ခုအတွက် ယွမ်သန်း ၄၀စီ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ဂျက်မားဖောင်ဒေးရှင်းမှ လူမှုကွန်ရက် ပို့စ်တစ်ခုအရ သိရပါတယ်။

အမေရိကန်နဲ့ တရုတ်မှ သိပ္ပံပညာရှင်တွေက ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရှာဖွေနေသူတွေထဲမှာ ပါဝင်ကြပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ကို ရရှိဖို့ တစ်နှစ်ကျော်ကြာမြင့်ကောင်း ကြာမြင့်နိုင်တယ်လို့ အမေရိကန် ဓာတ်မတည့်ခြင်းနဲ့ ကူးစက်မှုဆိုင် ရာရောဂါဆိုင်ရာ ဒါရိုက်တာ ဒေါက်တာအန်သော်နီက ဆိုပါတယ်။တရုတ်မှာ လူ ၆၀ဝ၀ ကျော်မှာ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃၂ ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။

(Ref;CNN ၂၉-၁-၂၀၂၀)

Most Popular

Healthy Life Ad
To Top