Healthy Life Ad
Health Tips

အအေးမိဝေဒနာခံစားရပြီးချိန် ချောင်းဆိုးနေလျှင်

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဗိုင်းရပ်စ်ပိုးဝင်တာ၊ ဓာတ်မတည့်မှု ဖြစ်တာ အစရှိတာတွေကြောင့် ဖြစ်တတ်တဲ့ အအေးမိဝေဒနာဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ရောင်ရမ်းတဲ့ အခြေအနေကို ဖြစ်စေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ရောင်ရမ်းပိတ်ဆို့တဲ့အခါ နှာခေါင်းပိတ်တာ၊ နှာစေးတာ၊ချောင်းဆိုးတာ၊ အလွန်အမင်းခေါင်းကိုက်တာတို့ ခံစားရတတ်သလို နှာခေါင်းအချွဲမြှေးရောင်ရမ်းတာ၊ တစ်ကိုယ်လုံး ကိုက်ခဲတာ၊ ချမ်းတုန်ဖျားတာနဲ့ အစာစားချင်စိတ်မရှိတာတို့လည်း ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ လေပြွန် ရောင်ရမ်းတာကြောင့် ချောင်းဆိုးတာက အအေးမိ ဝေဒနာခံစားရပြီး နောက်ပိုင်းမှာတောင် ကျန်ရှိနေတတ်ပါတယ်။ မပျောက်နိုင်ဘဲ ကျန်ခဲ့တဲ့ ချောင်းဆိုး ဝေဒနာ သက်သာစေဖို့ အောက်ပါ အိမ်တွင်းကုထုံးတွေကို အသုံးပြုသင့်ပါတယ်။

သဘာဝ ဆေးနည်း (၁)

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း(ဂျင်း) စတဲ့ ဆေးဖက်ဝင် အပင်ထွက်ပစ္စည်းတွေကို အအေးမိဝေဒနာနဲ့ ချောင်းဆိုးဝေဒနာပျောက်အောင် စားသုံ နိုင်ပါတယ်။

သဘာဝ ဆေးနည်း (၂)

ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ပျားရည်အနည်းငယ်ထဲစိမ်ပြီး စားပေးရင် ချောင်းဆိုးတာကို သက်သာစေပါတယ်။

သဘာဝ ဆေးနည်း (၃)

အအေးမိဝေဒနာ သက်သာစေတဲ့ ချင်း (ဂျင်း) ဟာချောင်းဆိုးတာကိုလည်း သက်သာစေပါတယ်။ ချင်း(ဂျင်း)ကို ရေနွေးပူပူနဲ့ပြုတ်ပြီး ချင်းရေနွေးကြမ်းကို သောက်ပေးပါ။

သဘာဝ ဆေးနည်း (၄)

ရေသောက်ချင်တိုင်း ရေနွေးကြမ်း ဒါမှမဟုတ် သံပရာသီး / ရှောက်သီးညှစ်ထည့်ထားတဲ့ ရေနွေး ကြမ်းကိုသောက်ပေးသင့်ပါတယ်။

သဘာဝ ဆေးနည်း (၅)

သစ်တော်သီး၊ စပျစ်သီး၊ လိမ္မော်သီး၊ နာနတ်သီး၊ ဖရဲသီး၊ ပန်းသီးအစရှိတဲ့ သစ်သီးဝလံတွေ ကိုစားပြီး ကိုယ်ခံအားစနစ်ကို မြင့်တက်အောင် ကြိုးစားသင့်ပါတယ်။

* ရှောင်ရန်

ချောင်းဆိုးနေတဲ့သူဟာ အချိုရည်၊ သကြားလုံး၊ ရေခဲမုန့်နဲ့သကြားနဲ့ လုပ်ထားတဲ့ မုန့်ပဲသရေစာအားလုံးကို ရှောင်သင့်ပါတယ်။

[Unicode]
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top