Healthy Life Ad
Q & A

မျက်စိယားယံနေလို့ပါ. . .

မေး ။ မျက်လုံးယားယံလို့ လက်နဲ့ပွတ်လိုက်တာ မျက်လုံးက အခုရဲပြီးရောင်နေပါတယ်။ မျက်ရည်တွေက လည်း အချိန်ပြည့်လိုလိုကျနေတာပါ။ မျက်ရည်ကျ ပြီး မျက်လုံးဘေးမှာ အခုအပူလောင်သလို ဖြစ်နေပါတယ်။ ဘယ်လိုလုပ်သင့်ပါသလဲ။
Myo Gyi (Fb)

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။
ဖြေ ။ မျက်စိယားယံတဲ့ အကြောင်းရင်းက နှစ်ခုရှိပါတယ်။ အကြောင်းတစ်ခုကတော့သာမန်ပါပဲ။ မျက်စိထဲကို ဖုန်တွေ၊ သဲတွေဝင်တယ်။ မျက်စိက ယားလာ လို့ လက်နဲ့ပွတ်လိုက်တယ်။ ဖုန်တွေ၊ သဲတွေထွက်သွားအောင် မျက်စိကိုသန့်ရှင်းတဲ့ ရေနဲ့ အားရပါးရ ဆေးပေးလိုက်ရင် ပျောက်သွားလိမ့်မယ်။
နောက်တစ်ခုက ဓာတ်မတည့်မှုကြောင့် မျက်စိရောဂါဝေဒနာရပြီး မျက်စိယားတာ ဖြစ်ပါတယ်။ ဒါကတော့ ရေနဲ့ဆေးလည်း မပျောက်ပါဘူး။ ဓာတ်မတည့်မှုကြောင့် မျက်စိယားရင် သာမန်မျက်စိနီရာကနေ မျက်စိမှုန်တဲ့အထိဖြစ်တတ်ပါတယ်။ အတော်ကျယ်ပြန့်ပါတယ်။ တခြား ဓာတ်မတည့်မှု ဖြစ်တဲ့ ရောဂါတွေ (ဥပမာ- ပန်းနာရင်ကျပ်ဖြစ်တာ၊ အရေပြားရောင်ရမ်းတာ)တွေလိုပဲ ဒီရောဂါကလည်း တစ်သက်လုံး မပျောက်တဲ့ ရောဂါမျိုး၊ ရာသက်ပန်ကုဖို့လိုတဲ့ ရောဂါမျိုးပါ။ ဘာကြောင့်ဖြစ်သလဲဆိုတာ စမ်းသပ်ကြည့်ပြီးမှ လိုအပ်တဲ့ မျက်စဉ်းဆေးကို မျက်စိဆရာဝန်က ပေးပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top