Healthy Life Ad
Humour

ညာနေတာ

မြို့ငယ်လေးတစ်မြို့မှာ သွားဆေးခန်းအသစ် တစ်ခန်းစဖွင့်တဲ့အခါ ကလေးငယ်တွေ ဆေးခန်းလာရမှာ မကြောက်အောင် ဆေးခန်းနာမည်ကို “နာကျင်မှုကင်း ဝေး”လို့ ပေးထားပါသတဲ့။
တစ်ရက်ကျတော့ မြို့ခံကလေးမလေးတစ်ယောက်က တွေ့သမျှလူတွေကို ဒီဆေးခန်းက အတုကြီး . . ဆေးခန်းနာမည်က မှားနေတာလို့ လိုက်ပြောနေတော့တယ်။ ဒါနဲ့ လူတွေကဘာလို့လဲလို့ ဝိုင်းမေးကြတဲ့အခါ . . .
“ဆိုင်းဘုတ်မှာကျတော့ ‘နာကျင်မှုကင်းဝေး’ လို့ ပြောပြီးတော့ သမီး ပါးစပ်ထဲ လက်ထည့်နေတုန်း သမီးကိုက်ပစ်လိုက်တာ အား . . နာလိုက်တာ ဆိုပြီး အော်တာပဲ”

Most Popular

Healthy Life Ad
To Top