ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)
မေး. ဒူးရင်းသီးစားတဲ့အခါ ဘယ်လိုအစာတွေကို တွဲဖက်စားပေးသင့်ပါသလဲ၊ ဒူးရင်းသီးစားတဲ့အခါ ဘယ်လိုအစားအသောက်မျိုးကို ရှောင်သင့်ပါသလဲ။
ဖြေ. ဒူးရင်းသီးစားမယ်ဆိုရင် ဒီအတိုင်း စားမယ့်အစား မင်းကွတ်သီးနဲ့ တွဲဖက်စားပေးသင့်ပါတယ်။ ဒါမှမဟုတ် ဒူးရင်းသီးကို ကြက်မောက်သီးနဲ့ တွဲဖက်စားပေးလို့ရပါတယ်။
ဒူးရင်းသီးစားမယ်ဆိုရင် အထူးသဖြင့် အချိူ ရည် (Soft Drink)ကို သတိထားသင့်ပါတယ်။ ဒီလို Soft Drink တွေထဲမှာ ဓာတုပစ္စည်း (Chemical) ပါဝင်တဲ့အတွက် မတည့်တဲ့သူတွေက မတည့်ပါဘူး။ လူတိုင်းနဲ့မတည့်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ တချို့လူတွေကျတော့ ဒူးရင်းသီးနဲ့ အချိုရည် (Soft Drink) တွဲစားသောက်လိုက်ရင် ဓာတုပစ္စည်းတွေကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ ဒူးရင်းသီး စားတဲ့အခါ ဘယ်လိုအချိုရည်နဲ့မှ တွဲဖက်မစားသောက်ဘဲ ရေကိုပဲ သောက်ပေးသင့်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)