Healthy Life Ad
Health Tips

ချောင်းဆိုးခြင်း၊ အအေးမိခြင်းနှင့် တုပ်ကွေးအတွက် အလွယ်ကုထုံး

၊ ငွေကြယ်စင်ယံ ၊

– လိမ္မော်ရည်သောက်ပါ

နေ့စဉ်နေ့တိုင်း နံနက်စာအဖြစ် လိမ္မော်ရည်တစ်ခွက်သောက်ပေးရင် အအေးမိဝေဒနာနဲ့ တုပ်ကွေးဖြစ်နိုင်ခြေကို လျော့ကျစေမှာ ဖြစ်ပါတယ်။

– ယူကလစ်ဆီ သုံးပါ

ယူကလစ်ဆီက ပိုးသေစေတဲ့ အစွမ်းရှိတာကြောင့် ချောင်းဆိုးတာကို သက်သာစေသလို လေပြွန်ရောင်ရမ်းမှုကိုတောင် တွန်းလှန်ပေးနိုင်ပါတယ်။

– ချောင်းဆိုးခြင်းအတွက် ပျားရည်နှင့် သံပရိုသီးသုံးပါ

သံပရိုရည် အကြမ်းပန်းကန်လုံးနှစ်ခွက်ထဲကို ပျားရည်ထမင်းစားဇွန်း ခုနစ်ဇွန်းထည့်မွှေပြီး ခဏ တာ ပြုတ်ပါ။ အေးသွားမှ တစ်နာရီကြာတိုင်း ထမင်းစားဇွန်းနှစ်ဇွန်းစီ သောက်သွားပါ။ နောက်တစ်နေ့မှာ သုံးနာရီကြာတိုင်း ထမင်းစားဇွန်း တစ်ဇွန်းစီသောက်ပေးရမှာ ဖြစ်ပါတယ်။

– စွပ်ပြုတ်ပူပူတစ်ခွက် သောက်သုံးပါ

တုပ်ကွေးဖြစ်နေရင် နေ့တိုင်းစွပ်ပြုတ်ပူပူတစ်ခွက်သောက်ပါ။ စွပ်ပြုတ်ပူပူမှာ ပိုးသေစေတဲ့အစွမ်းနဲ့ ရောင်ရမ်းမှုကို ဟန့်တားပေးတဲ့အစွမ်းရှိတာကြောင့် လည်ချောင်းတစ်ဝိုက် နာကျင်မှုသက်သာပြီး တုပ်ကွေးလက္ခဏာတွေကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top