Healthy Life Ad
Health Tips

စိတ်ဖိစီးမှုများနေချိန် ဖြစ်တတ်သည့်လက္ခဏာများ

၊ ငွေကြယ်စင်ယံ ၊

စိတ်ဖိစီးမှုများတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေဖြစ်တတ်သလို စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေလည်း ဖြစ်တတ်ပါတယ်။

– ခေါင်းကိုက်ခြင်း

အဖြစ်ဆုံးကတော့ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ပြောရရင် ခေါင်းကိုက်တာက စတတ်ပါတယ်။ ရုံးနဲ့အိမ်မှာ အလုပ်တွေပင်ပန်းပြီး လုပ်သမျှက အဆင်မပြေဘူးဆိုရင် ခေါင်းကိုက်တာ၊ ဇာက်ကြောတက်တာ၊ ကြွက်သားတွေ တင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ အအေးမိဖျားနာတာမရှိဘဲ အဲဒီလိုခံစားနေရပြီဆိုရင် စိတ်ဖိစီးမှုအတွက် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်နေတယ်ဆိုတာကို သိရပါမယ်။

– ဗိုက်နာခြင်း

စာမေးပွဲဖြေရမှာ၊ အင်တာဗျူးဖြေရမှာဆိုပေမယ့် စာမရတဲ့အခါ ဖိစီးမှုများလာပြီး ခေါင်းကိုက်တာ၊ ခန္ဓာကိုယ် ကိုက်ခဲတာအပြင် ဗိုက်နာသလို၊ ဗိုက်ဆာသလို၊ နေလို့မကောင်းတော့သလို ဖြစ်လာတတ်ပါတယ်။

– ဆံပင်ကျွတ်ခြင်း

စိတ်ဖိစီးမှုကို ကြာရှည်ခံစားရတဲ့အခါမှာ နှလုံးရောဂါဖြစ်တတ်သလို ဆံပင်ကျွတ်နှုန်းများတတ်ပါတယ်။

– ဒေါသကြီးခြင်း၊ ပူပင်သောကလွန်ကဲခြင်း

စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် ဒေါသကြီးတာ၊ စိုးရိမ်ပူပန်စိတ်များတာ ဖြစ်တတ်သလို အထိမခံနိုင်တာမျိုးဖြစ်တတ်ပါတယ်။ ပုံမှန်အချိန်မှာ နားလည်ခွင့်လွှတ်တဲ့ကိစ္စတွေကို စိတ်ဖိစီးနေတဲ့ အချိန်တွေမှာ နားမလည်ပေးနိုင်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။

– မှတ်ဉာဏ်လျော့နည်းခြင်း

စိတ်ဖိစီးမှုများတဲ့အခါ မှတ်ဉာဏ်တွေ လျော့နည်းလာပြီး အာရုံစူးစိုက်နိုင်စွမ်း နည်းတတ်ပါတယ်။ ဒါဆိုရင် လုပ်ငန်းခွင်မှာ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ လူတောထဲ မနေချင်ဘူး။ တစ်ယောက်တည်း ငေါင်တောင်တောင်ဖြစ်လာပြီး အကြောက်လွန်နေတတ်ပါတယ်။ ညဘက်တွေအိပ်တဲ့အခါ အိမ်မက်ဆိုးတွေမက်ပြီး လန့်အော်လာနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top