Healthy Life Ad
International

ဦးခေါင်းချင်းဆက်အမြွှာညီအစ်မအား ၁၁ နာရီကြာ ခွဲစိတ်ပြီးနောက် ပိုင်းခြားနိုင်ခဲ့

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ ဟီသာနဲ့ရီလေ ဇနီးမောင်နှံတို့ဟာ ဟီသာရဲ့ကိုယ်ဝန် ၁၁ ပတ်ခန့်အကြာမှာ ကိုယ်ချင်းဆက်အမြွှာရရှိတော့မယ်လို့ သိရှိခဲ့ကြပါတယ်။ စစ်ဆေးချက်တွေအရ အမြွှာကလေးတွေမှာ craniopagus ခေါ်တဲ့ ကိုယ်ချင်းဆက်အမြွှာဖြစ်စေတဲ့ အခြအနေဖြစ်ပေါ်နေကြောင်းတွေ့ရှိခဲ့ပြီး အဓိကသွေးကြောတွေ၊ ဦးနှောက်တစ်ဝိုက် အကာအကွယ်အမြှေးပါးတစ်ခုတို့ တွယ်ဆက်မျှဝေနေကြပါတယ်။

လွန်ခဲ့တဲ့နှစ် ဇူလိုင်လက ကလေးတွေကို ပုံမှန်ထက် ၁၀ ပတ်စောဗိုက်ခွဲမွေးဖွားခဲ့ရပြီး တစ်ဦးစီ ၂ ပေါင် ၁ အောင်စ ကိုယ်အလေးချိန်သာရှိခဲ့ကြပါတယ်။ မွေးဖွားပြီးကတည်းက ကလေးတွေဟာ ဖီလာဒဲလ် ဖီးယားကလေးဆေးရုံမှာ နေထိုင်ခဲ့ကြပြီး မကြာခင်က ဆရာဝန်၊ သူနာပြုတွေနဲ့ အထူးကုခွဲစိတ်ဆရာ ဝန် ၃၀ ကျော်ပါဝင်တဲ့အဖွဲ့ဟာ ၁၁ နာရီကြာခွဲစိတ်မှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ မယုံကြည်နိုင်လောက်အောင် ခက်ခဲတဲ့ခွဲစိတ်မှုအတွင်း ကလေးတွေရဲ့ တွယ်ဆက်နေတဲ့ ဦးခေါင်းအစိတ်အပိုင်းတွေ ကိုအောင်မြင်စွာပိုင်းခြားပေးနိုင်ခဲ့ပါတယ်။ နာလန်ထဖို့ အချိန်အတော်ကြာစောင့်ရဖို့ရှိပြီး ကောင်းမွန်တဲ့ ရလဒ်ရဖို့မျှော်လင့်ကြောင်း ဆရာဝန်တွေက ပြောကြားထားပါတယ်။ နှစ် ၆၀ အတွင်း ဆေးရုံရဲ့ကိုယ်ချင်းဆက် အမြွှာခွဲစိတ်မှု ၂၃ကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီနှစ်အကုန်ပိုင်းမှာ ကလေးတွေသက်သာပြီး အိမ်ပြန်ရဖို့မျှော်လင့်ကြောင်း မိဘတွေက ပြောကြားထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top