Healthy Life Ad
Health Tips

ခြေထောက် အနံ့ဆိုးထွက်နေသလား

၊ ငွေကြယ်စင်ယံ ၊

ခြေထောက် အနံ့ဆိုးထွက်တာက အမျိုးသားတွေမှာ အဖြစ်များတဲ့ပြဿနာပါ။ ဖြစ်တဲ့အမျိုးသားနဲ့ သူ့ပတ်ဝန်းကျင်က လူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာလည်း ကောင်းပါတယ်။ အမျိုးသားတွေမှာ အဖြစ်များရတဲ့ အဓိကအကြောင်းရင်းက ရှူးဖိနပ်တစ်ရံတည်းကို နေ့တိုင်းစီးတာကြောင့်ဖြစ်ပါတယ်။

ဘာကြောင့် ခြေထောက်ချွေးထွက်ရသလဲ

ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာထက် ခြေထောက်မှာ ချွေးဂလင်းပိုရှိပါတယ်။ ပုံမှန် အပူချိန်မှာတောင် ခြေထောက်က ချွေးထွက်တတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ခြေထောက် ချွေးထွက်နိုင်ခြေပိုများပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါနဲ့ ချွေးထွက်များတဲ့ ကျန်းမာရေး ပြဿနာရှိတဲ့အခါ ခြေထောက်က ချွေးထွက်နိုင်ခြေပိုများပါတယ်။ ခြေထောက်ဝဲစွဲတာလို ဖန်းဂတ်စ်ပိုးဝင်တဲ့ အခြေအနေကြောင့်လည်း ခြေထောက် အနံ့ဆိုးထွက်တတ်ပါတယ်။

ရှူးဖိနပ်စီးပြီး ချွေးထွက်နေတဲ့အခါ ခြေထောက်အနံ့ဆိုးထွက်တတ်သလို စိုနေတဲ့ဖိနပ်ကို မခြောက်သေးခင်စီးမိတဲ့အခါမှာလည်း ခြေထောက်အနံ့ဆိုးထွက်တတ်ပါတယ်။ ခြေထောက်တွေက တစ်နေ့လုံး ရှူးဖိနပ်ထဲမှာ ချွေးထွက်ပြီး စိုစွတ်ရာက ဘက်တီးရီးယားတွေ ပွားများလာပါတယ်။ အဲဒီအချိန်မှာ ဖိနပ်ချွတ်လိုက်ရင်တောင် ဘက်တီးရီးယားတွေဆက်ပွားနေတတ်ပါတယ်။ နောက်တစ်နေ့မှာ အဲဒီဖိနပ်ပြန်စီးလိုက်ရင် ခြေထောက်အနံ့ဆိုး ဆက်လက်ထွက်ရှိနေမှာပဲဖြစ်ပါတယ်။

ခြေထောက် အနံ့ဆိုးမထွက်အောင် ဘယ်လိုလုပ်မလဲ

– ခြေထောက်အနံ့ဆိုးကင်းပြီး ချွေးနံ့မနံစေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းအောင် ဂရုစိုက်ရပါမယ်။ ပြီးရင် ရှူးဖိနပ်ကို ပုံမှန်လဲစီးပေးရပါမယ်။ ရှူးဖိနပ်တစ်ရန်တည်းကို နှစ်ရက်ဆက်တိုက် မစီးသင့်ပါဘူး။ တစ်နေ့စီးပြီးရင် နောက်တစ်နေ့လောက် ခြောက်သွေ့အောင်ထားသင့်ပါတယ်။

– ခြေထောက်ကို နေ့တိုင်းဆေးကြောပြီး ခြောက်သွေ့အောင်ထားရပါမယ်။ ခြေအိတ်ကို တစ်နေ့ အနည်းဆုံးတစ်ကြိမ်အသစ်လဲပေးရပါမယ်။

– ခြေထောက်ကို ချွေးနံ့ပျောက်ဆေး ဖျန်းပေးရပါမယ်။

– သားရေဖိနပ်၊ ကင်းဗတ်ရှူးစတာတွေက လေဝင်လေထွက်ကောင်းလို့ စီးပေးသင့်ပါတယ်။

– ခြေချောင်းထိပ်တွေက အလုံပိတ်မဟုတ်တဲ့ဖိနပ်ကို ရွေးချယ်စီးသင့်ပါတယ်။

ခြေထောက် အနံ့ဆိုးထွက်ခြင်းအား ကုသမှု

– ခြေထောက်အနံ့ဆိုးထွက်တာ ကင်းစင်သွားစေဖို့ ခြေထောက်တွေကို ဘက်တီးရီးယားပိုး သတ်ဆပ်ပြာနဲ့ ဆေးကြောပေးသင့်ပါတယ်။ နှစ်မိနစ်လောက် အဲဒီဆပ်ပြာနဲ့တိုက်ပြီးဆေးပေးပါ။ တစ်နေ့နှစ်ကြိမ်လောက်လုပ်ပေးရင် တစ်ပတ်အတွင်း အနံ့ဆိုးထွက်တာ သက်သာသွားပါလိမ့်မယ်။

– ခြေထောက်ကို ဆားရေထဲစိမ်ကာ ကြေးချွတ်ဆေးကြောပေးရင်လည်း အနံ့ဆိုးကင်းစင်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top