Healthy Life Ad
Health Tips

ဆီးအိမ်ရောင်ခြင်းအတွက် ဆော်ဒါမှုန့်

ဆော်ဒါမှုန့်လိုခေါ်တဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ကို ခရီးသွားတဲ့အခါ ဆေးအိတ်ထဲမှာ ယူဆောင်သွားပါ။ အားလပ်ရက်မှာ ရေကူးရင်း ရေကူးကန်ထဲက ကလိုရင်းလိုဓာတ်တွေနဲ့ ထိတွေ့မှုကြောင့် အခန့်မသင့်တဲ့အခါ ဆီးပြွန်ကို စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး အမျိုးသမီးတွေမှာ ဆီးအိတ်ရောင်စေနိုင်ပါတယ်။ အဲဒီအခါ ဆီးသွားရင် ပူစပ်ပူလောင် ခံစားချက်ဖြစ် ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် နေပူဒဏ်နဲ့ အရက်သောက်တာများရင် ရေဓာတ်ခမ်းခြောက်ကာ ဆီးအိတ်ကို ပိုမိုရောင်ရမ်းစေနိုင်ပါတယ်။ အဲဒီအခြေ အနေမှာ ဆော်ဒါမှုန့်ကိုသုံးပါ။

အသုံးပြုနည်း
ဆော်ဒါမှုန့်မှာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် ရေတစ်ဖန်ခွက်ထဲဆော်ဒါမှုန့် လက်ဖက်စားဇွန်းတစ်ဝက်ထည့်ကာ တစ်နေ့မှာ အကြိမ်များစွာသောက်ပေးရင် ဆီးကိုအက်စစ်ဖြစ်နှုန်းလျော့ နည်းစေပြီး ပူစပ်ပူလောင်ဖြစ်တာကို လျော့ကျစေပါတယ်။ ဆီးအိတ်ရောင်တာကို မလျော့ကျစေပေမယ့် နာကျင်မှုသက်သာသွားတာနဲ့အတူ ဆီးအိတ် ရောင်ရမ်းမှု လျော့ပါးသွားပါတယ်။ တကယ်လို့ ဒီ နည်းကိုနှစ်ရက်လောက် လိုက်နာပြီး မသက်သာရင်၊ ဖျားတာ၊ ဆီးထဲသွေးပါတာနဲ့ ဆီးစပ်နာကျင်တာတို့ ခံစားရရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top