Healthy Life Ad
Q & A

မီးတွင်းမှာ ဝက်သားစားမိလို့ မီးယပ်ဝမ်းသွားတာလား . . .

မေး။ ။ မီးတွင်းတုန်းကဝက်သားစားမိလို့ အခုထိ မီးယပ်ဝမ်းလိုသွားနေလို့ပါရှင်။ မီးယပ်ဝမ်းလိုက်ရင်ဘယ်လို လုပ်ရပါလဲရှင်။
မင်းစစ်သွေး(FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ဝက်သားနဲ့ မဆိုင်ပါ။ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်တာဟာ ရောဂါပိုးပါတဲ့မသန့်တဲ့ ရေနဲ့ အစားအ သောက်တွေ စားမိလို့ ဖြစ်တာ ဖြစ်ပါတယ်။ ပူပူနွေးနွေး အာဟာရဖြစ်တဲ့ အစားအစာမှန်သမျ အကုန်စားပါ။ ဝမ်းနူးစာ၊ ယင်နားစာကလွဲရင် အစားမရှောင်ပါနဲ့။ ဝမ်းသွားတာများရင် ဓာတ်ဆားရည်သောက်ပါ။ မသက်သာသေးရင် ဆေးခန်း၊ ဆေးရုံမှာ ပြသပါ။ သောက်ဆေးသောက်ရုံနဲ့ ကောင်းသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top