Healthy Life Ad
Q & A

အမှည့်လွန်သစ်သီးစားမိရင် ဘာဖြစ်တတ်သလဲ . . .

မေး။ ။ အခုရာသီမှာ သစ်သီးတွေက ပေါပေမယ့် တစ်ခါတလေ အမှည့်လွန်သွားတတ်ပါတယ်။ အမှည့်လွန် သစ်သီးတွေကို စားမိတဲ့အခါ အာဟာရဓာတ် ရရှိနိုင်ပါသလား။ ဘာဖြစ်တတ်ပါသလဲ။
မမေသန်းခင်၊ မိတ္ထီလာ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ အမှည့်လွန်အသီးတွေကို လုံးဝမစားဖို့ တားမြစ်ပါတယ်။ တော်တော်လေး အမှည့်လွန်တာဖြစ်တဲ့ သ ရက်သီး၊ သင်္ဘောသီးတို့လိုသစ်သီးတွေကို မစားသင့်ပါဘူး။ အသီးအနှံတစ်ခုမှာ သူ့အပူချိန်ရှိတဲ့အတွက် ဒီအချိန်ကို ကျော်လွန်သွားပြီဆိုရင် အသီးတွေက ပျော့ပြဲသွားပါတယ်။ အသီးအနှံတစ်ခုမှာ ဘယ်နှရက် ခံတယ်ဆိုတဲ့ သက်တမ်းလည်းရှိပါတယ်။ သရက်သီးဆိုရင် ဘယ်နှရက်ခံတယ်၊ သင်္ဘောသီးဆိုရင် ဘယ်နှရက်ခံတယ် စသဖြင့် သက်တမ်းရှိတဲ့အတွက် အဲဒီသက်တမ်းကျော်သွားရင် အသီးတွေက ပျော့ပြဲသွားပါတယ်။

ဒီလိုအချိန်မှာ သစ်သီးထဲမှာပါတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားပြီလို့ ပြောလို့ရပါတယ်။ အဲဒီအခါ ဗီတာမင်အေ၊ ဗီတာမင်စီစတာတွေက ဘာမှရရှိတော့မှာ မဟုတ်ပါဘူး။ ပြီးရင် ပိုးပေါက်နှုန်းများပြီး ဘက်တီးရီးယား၊ ဖန်းဂတ်စ်ပေါက်နှုန်းများတဲ့အတွက် သက်တမ်းလွန်တဲ့ အသီးတွေစားရင် ပိုးဝင်လွယ်တယ်၊ ဝမ်းလျှောလွယ်တယ်၊ ဝမ်းပျက်တတ်တယ်။ ဒါကြောင့် ဒီလိုအသီးတွေကို လုံးဝမစားဖို့တားမြစ်ချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top