Healthy Life Ad
International

လူသားမျက်နှာနှင့် မွေးဖွားလာသည့် နွားကလေးကို ဘုရားအမှတ်ဖြင့် ကိုးကွယ်နေကြ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့မနက်က လူသားမျက်နှာနဲ့နွားကလေးတစ်ကောင် မွေးဖွားလာခဲ့ပါတယ်။ မျက်လုံး၊ နှာခေါင်းနဲ့ နားတွေဟာ လူသားတစ်ယောက်ပုံစံဆင်တူနေပါတယ်။ မွေးပြီးတစ်နာရီအတွင်း သေဆုံး သွားခဲ့ပေမယ့် ဟိန္ဒူနတ်ဘုရား ဝင်စားတယ်ဆိုကာ လူထောင်ပေါင်း များစွာ စုရုံးရောက်ရှိနေကြပါတယ်။

နွားကို ပန်းတွေနဲ့အလှဆင်ယင်ပြီး ဖန်ပေါင်းချောင်ထဲထည့်ကာ ကိုးကွယ်သူတွေနဲ့ စည်ကားနေတယ်လို့ သိရပါတယ်။ ဒေသခံစီးပွားရေးသမား တစ်ယောက်ဖြစ်သူ အသက် ၅၀ နှစ်အရွယ် မာဟက်ရှ် ကာသူရီးရားက နွားကလေးဟာ နတ်ဘုရားဝင်စားတာဖြစ်ပြီး ဟိန္ဒူကျမ်းတွေထဲက ဖော်ပြ ထားတာနဲ့ ကိုက်ညီတာကြောင့် ကောင်းချီးပေးခံရဖို့ရောက်လာတာလို့ ပြောပြပါတယ်။ နွားခြံမန်နေဂျာက သုံးရက်အတွင်း မီးသဂြိုလ်မှာဖြစ်ပြီး အမှတ်တရဘုရားကျောင်းတစ်ကျောင်း ဆောက်လုပ်မယ်လို့ ရှင်းပြပါတယ်။

အိန္ဒိယခေတ်ပညာတတ် အသိုင်းအဝိုင်းကတော့ ဒီလိုအထူးအဆန်းယုံကြည်မှုကို ဝေဖန်နေကြပါတယ်။Wildlife SOS အဖွဲ့မှ တိရစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာ အဂျေးဒက်ရှ်ဟမူ့က မျိုးဗီဇ ပုံမမှန်တာကြောင့် ခန္ဓာကိုယ်တည်ဆောက်ပုံ ပျက်ယွင်းတဲ့အခါ ဒီလို ဖြစ်စဉ်မျိုးဖြစ်ပွားတတ်ကြောင်း ပြောပြပါတယ်။ သိပ္ပံနည်းကျတဲ့ အကြောင်းရင်းတွေ၊ ရှင်းလင်းချက်တွေရှိပြီးဖြစ်တာကြောင့် အယူသည်းစွဲလန်းမှုတွေ မရှိသင့်တော့ကြောင်း ဝေဖန် ထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top