Healthy Life Ad
International

နှုတ်ခမ်းနှင့်မေးစေ့မရှိသည့် အသက် ၃နှစ်အရွယ် ရုရှားကလေးငယ်

၊ မိုးမင်းထွန်း ၊

ရုရှားနိုင်ငံမှ အသက် ၃နှစ်အရွယ် ကလေးငယ်လေးဟာ မျိုးဗီဇချို့ယွင်းတဲ့ ရောဂါကြောင့် မွေးကတည်းက နှုတ်ခမ်းနဲ့မေးစေ့မပါလာခဲ့ပါဘူး။ထူးဆန်းတဲ့ရောဂါကြောင့် မျက်နှာမှာလည်း သွေးတွေပေကျံနေခဲ့ပါတယ်။ မွေးကင်းစက မိခင်ရုတ် တရက်ရှော့ခ်ရမှာစိုးတာကြောင့် သူနာပြုတွေက ကလေးငယ်ကို ချက်ချင်းကြည့်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။


အယ်လီနာနဲ့ ယူရီတို့ဇနီးမောင်နှံက ကံတရားကိုလက်ခံပြီး သမီးလေးကို ပြုစုစောင့်ရှောက်ခဲ့ပေမယ့် ဆွေမျိုးအသိုင်းအဝိုင်းနဲ့ မိတ်ဆွေအသိုင်း အဝိုင်းက ကလေးကို လက်မခံတာကြောင့် အိမ်ပြောင်းပြေးကာ အားလုံးနဲ့အဆက်အသွယ်ဖြတ်ခဲ့ရပါတယ်။ ကလေးထိန်းကျောင်းကလည်း တခြားကလေးတွေ ထိတ်လန့်မှာစိုးတာကြောင့် လက်မခံခဲ့ပါဘူး။ ကလေးကို ဆရာဝန်နဲ့ပြသခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ခွဲစိတ်မှုပြုလုပ်ရဖို့ ရှိနေပါတယ်။


ပါးစပ်ပေါက် သေးငယ်အောင်ချုပ်ပေးခဲ့ပြီး နှုတ်ခမ်းပေါ်လာစေနိုင်တဲ့ အရိုးကြီးထွားအောင်ပြုလုပ်ဖို့ စီစဉ်နေ ကြောင်းသိရပါတယ်။ ခွဲစိတ်ဆရာဝန် ဒေါက်တာ အော်ရက်စ်တိုပိုနစ်စကီးက ကလေးကငယ်လွန်းသေးတာကြောင့် ခွဲစိတ်မှုကအန္တရာယ်များကြောင်းနဲ့ နောက်ထပ်ခွဲစိတ်စရာတွေ ပြုလုပ်ဖို့ရှိသေးကြောင်း ရှင်းပြပါတယ်။ ကလေးကို မချစ်ခင်တဲ့ ဆွေမျိုး အသိုင်းအဝိုင်းရဲ့ နှလုံးသားမဲ့တဲ့အပြုအမူကိုလည်း အံသြမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

(Ref:DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top