မေး။ ။ ကျွန်မသမီး ရာသီမလာခင် ၁၂နှစ်အရွယ်လောက် ရေအိတ်လေးတွေ့လို့ အိုဂျီနဲ့ပြဖူးပါတယ်။ ရာသီလာတဲ့အရွယ်ရောက်ရင် ပျောက်သွားမှာလို့ ပြောပါတယ်။ အခုအသက် ၁၈နှစ်ရှိပါပြီ။ အိမ်ထောင်ပြုရင် ကလေးရနိုင်၊ မရနိုင်သိပါရစေ။
Thein Thein Oo(FB)
ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။
ဖြေ။ ။ သားဥအိမ်မှာ ရေအိတ်တည်တဲ့ အနေအထားပေါ် မူတည်ပါတယ်။ Polycystic ovary disease လို့ခေါ်တဲ့ သားဥအိမိမှာ ရေအိတ်တွေ အများကြီးရှိရင် သားဥကြွေတာကို ထိခိုက်တာကြောင့် ကလေးရဖို့ ခက်တတ်ပါတယ်။ လုံးဝမရနိုင်တာတော့ မဟုတ်ပါ။ လက်ရှိ ရောဂါအခြေအနေကို ပြန်လည် စစ်ဆေးပြီး ကုသမှုခံယူရင် ကလေးရနိုင်ခြေရှိနိုင်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)