Healthy Life Ad
Q & A

တံတွေးစေးပျစ်တာ တစ်နှစ်လောက်ရှိပြီ …

မေး. သမီးမောင်လေးပါ။ အသက်က ၂၀ရှိပါပြီ။ သူက လက်ဖက်ရည်သောက်ပြီးရင်ဖြစ်ဖြစ်၊ အစားတစ်ခုခု စားပြီးရင်ဖြစ်ဖြစ် အဲဒီလက်ဖက်ရည်အစအနတွေ အစာတွေက သွားနဲ့ကပ်နေတယ်။ တံတွေးက စေးကပ်နေတယ်။ ညအိပ်နေရင်လည်း တံတွေးတွေ ပါးစပ်ထဲပြည့်လာလို့ ထထထွေးရတယ်။ သွားဆရာဝန်တွေနဲ့ ပြတာလည်းစုံနေပြီ မသက်သာဘူး။ သမားတော်နဲ့ပြတော့လည်း ဆရာက သူလည်းမသိဘူးဆိုပြီး အစာအိပ်နဲ့ အူလမ်းကြောင်းဆရာနဲ့ ထပ်ပြခိုင်းတယ်။ အဲဒီဆရာကလည်း အစာအိမ်နဲ့ အူလမ်းကြောင်းရော၊ ဦးနှောက်နဲ့ အာရုံကြောရော အကုန်ဆေးစစ်ကြည့်တယ်။ ဘာရောဂါမှ မတွေ့ပါဘူးရှင်။ ဆေးသုံးပတ်စာပေးပြီး ပြန်ချိန်းတယ်။ ဆေးသောက်နေတာ ဆယ်ရက်လောက်ရှိပြီ။ သောက်သာသောက်နေရတာ အရင်တိုင်းပဲ မသက်သာဘူး။ ဘယ်လိုဆရာဝန်နဲ့ပြသင့်သလဲ အကြံပေးနိုင်မလားရှင်။ သူဖြစ်နေတာ တစ်နှစ်နီးပါးရှိပါပြီ။
Khin Hnin Htet Kyaw (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. နာတာရှည် နှာခေါင်းလှိုဏ်ရောင်ရမ်းခြင်း၊ ကန်ဒီနာမှိုစွဲခြင်း၊ ခုခံအားစနစ်ဖောက်ပြန်တဲ့ရောဂါ၊ ဓာတ်မတည့်ခြင်း၊ ဆီးချိုနဲ့အူဆိုင်ရာ ရောဂါတွေကြောင့် တံတွေးစေးပျစ်ခြင်းတွေဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာသိနိုင်ဖို့က အသေးစိတ်စစ်ဆေးမေးမြန်းပြီး လိုအပ်ရင်ဓာတ်ခွဲစစ်ဆေးတာတွေ လုပ်ရပါမယ်။ နီးစပ်ရာဆေးရုံကြီး တစ်ခုခုမှာပြသကြည့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top