Healthy Life Ad
International

ခြေသုံးချောင်းပါသော ကလေးငယ်မွေးဖွား

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၂၅ နှစ်အရွယ်ရှရီလာသာဟာ မတ်လ ၂၁ ရက်နေ့က ခြေသုံးချောင်းပါတဲ့ ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ နှစ်ရက်အကြာမှာ ကလေးငယ်ရဲ့ အပိုခြေချောင်းကို ဖယ်ရှားဖို့ ၅၄ မိုင်ဝေးကွာတဲ့ ဟိုက်ဒရာဘက်ရှိအစိုးရ ဆေးရုံသို့ သွားရောက်ခဲ့ပါတယ်။ ငွေကြေးမတတ် နိုင်တဲ့ ရှရီလာသာတို့အတွက် ဆေးရုံကအကုန်အကျခံခွဲစိတ်ပေးခဲ့တာဖြစ်ပါတယ်။

၃နာရီကြာခွဲစိတ်မှုအတွင်း ကလေးငယ်ရဲ့တင်ပါးဆုံနေရာမှ အပိုထွက်နေတဲ့ခြေထောက်ကို ဆရာဝန်တွေကအောင် မြင်စွာဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ ကောင်းစွာမဖွံ့ဖြိုးတဲ့ ကပ်ပါးအမြွှာဆီမှ ခန္ဓာကိုယ်အစိတ်အပိုင်း တချို့ဟာ တခြားဖွံ့ဖြိုးတဲ့ အမြွှာတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာတွယ်ကပ် ကြီးထွားလာတာဖြစ်ကြောင်း သိရပါတယ်။ ဒီလိုပုံစံဖြစ်ရပ်ဟာ ကလေးတစ်သိန်း မွေးတိုင်း တစ်ကြိမ်သာဖြစ်ပွားနိုင်ပြီး အလွန်ရှားပါးကြောင်း ဆရာဝန်တွေကရှင်းပြပါတယ်။

တခြားကိုယ်လက်အင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးပြီး မွေးဖွားလာတဲ့ ကလေးငယ်ဟာ ခွဲစိတ်မှုပြီးနောက် သာမန်လူသားတစ်ယောက်လို ကျန်းကျန်းမာမာနေထိုင်နိုင်တော့မှာဖြစ်ပါတယ်။ ရှရီလာသာနဲ့ခင်ပွန်းဖြစ်သူတို့ကတော့ ငွေကြေးအကုန်အကျခံကုသပေးတဲ့ ဆေး ရုံနဲ့ဆရာဝန်တွေကိုကျေးဇူးတင်ရှိကြောင်းနဲ့ ကလေးငယ်အတွက် ပူပန်ခဲ့သမျှ အခုမှသာ စိတ်အေးသွားခဲ့ ရကြောင်း ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top