Healthy Life Ad
Q & A

အမာရွတ်အဖုလုံး (Keloid) အကြောင်း သိကောင်းစရာ

မေး. Keloid အကြောင်းလည်းပြည့်ပြည့်စုံစုံလေး ဖော်ပြပေးပါ။
ဦးပိုင် (FB)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အမာရွတ်အဖုလုံး (Keloid)ကတော့ ဆေးကုသရ ခက်ခဲပါတယ်။ Keloid အမာရွတ်ကို အရောင်ကျဆေး ထိုးလိုက်ပြီးရင် သက်သာပေမယ့် ဆေးအရှိန်ကုန်ချိန်မှာတော့ Keloid က ပွားတတ်ပြီး ပြန်ကြီးတတ်တဲ့အတွက် ပြန်ကြီးလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Keloid အမာရွတ်အလုံးမဖြစ်အောင် အကောင်းဆုံးက ဒဏ်ရာမရအောင်နေဖို့ပဲဖြစ်ပါတယ်။

၁။ ရေဓာတ်ဖြည့်အဆီဆေး လိမ်းရပါမယ်။

၂။ အထူးပြုလုပ်ထားတဲ့ Polyurethane ဒါမှမဟုတ် Silicone ဂျဲလ်သုံးနိုင်ပါတယ်။

၃။ အမာရွတ်ကို ဖိအားသုံးပြီး သေးအောင်ပြုလုပ်နိုင်ပါတယ်။

၄။ ခွဲစိတ်ပြီး စနစ်တကျပြန်ချုပ်ရပါမယ်။

၅။ အရောင်ကျဆေးထိုးလို့ရပါတယ်။

၆။ အအေးပေးကုသနည်း (Cryotherapy)နဲ့ ကုသလို့ရပါတယ်။

၇။ အပေါ်ယံဓာတ်ရောင်ခြည်ကုသမှု (Superficial X-ray Treatment)နဲ့ ကုသလို့ ရပါတယ်။

၈။ လေဆာနည်းနဲ့ ကုသလို့ ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top