Healthy Life Ad
Q & A

မိခင်နို့ချိုတိုက်ကျွေးချိန် ဘာတွေ ရှောင်ရမလဲ

မေး။ ။ မိခင်နို့ချို တိုက်ကျွေးချိန်မှာ မိခင်က ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်ပါသလဲ။
ဝင်းမေ၊ ကျောက်တံတား

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ မိခင်နို့ချိုတိုက်ကျွေးနေချိန်မှာ အစားအသောက်အစုံမျှတအောင် စားရပါမယ်။ ရှောင်သင့်တာတွေက ကဖင်းဓာတ်ပါတဲ့ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာစတာတွေ၊ အရက်၊ ကွမ်း၊ ဆေးလိပ်၊ တချို့ ပဋိဇီဝပိုးသတ်ဆေးတွေကို အတတ်နိုင်ဆုံး ရှောင်သင့်ပါတယ်။ ဒါတွေက မိခင်နို့ကတစ်ဆင့် ကိုယ့်ရင်သွေးဆီကို ရောက်ရှိနိုင်တာကြောင့် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

မွေးဖွားပြီးပြီးချင်း တစ်ပတ်အတွင်းမှာကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာအချိုရည်၊ လက်ဖက်သုပ်၊ ရေနွေးကြမ်း၊ ငါးပိကြော်၊ ငပိရည်ကျို၊ ငါးခြောက်ဖုတ်နဲ့ ငါးမန်းတောင်ဟင်းချိုတွေကိုလုံးဝ ရှောင်ရပါမယ်။ တချို့အစာတွေကို တစ်ပတ်ကျော် ရင်စားနိုင်ပေမယ့် အတတ်နိုင်ဆုံးလျှော့စားရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top