Healthy Life Ad
Humour

ဒုက္ခနဲ့လှလှ တွေ့ပြီလေ . . .

လူတစ်ယောက် ရေချိန်ကိုက်ပြီး ကားကို အမြန်မောင်းလာစဉ် လူနှစ်ယောက် ကားတားနေသဖြင့် ရပ်ပေးလိုက်ပြီး လှမ်းပြောသည်။

“ကားကြုံလိုက်မလို့လား . . . ဒါနဲ့ အစ်ကိုတို့ နှစ်ယောက်က အမြွှာညီအစ်ကိုတွေလားဟင်”

“ဟမ် . . . အမြွှာ မဟုတ်ပါဘူး၊ ဘာလို့ မေးတာလဲ”

“အော် . . အမြွှာညီအစ်ကိုတွေမို့ အစ်ကိုတို့ အမေကအင်္ကျီ၊ ဘောင်းဘီ၊ ဦးထုပ်ဆင်တူလေးတွေ ဆင်ပေးထား တယ်ထင်လို့ပါ . . .”

“ကဲ… ပြောလို့ပြီးရင်လည်း ယာဉ်မောင်းလိုင်စင်လေးပေး၊ ကားအရှိန်မြင့်မောင်းလာလို့ တားတာ၊ အခုတော့ မူးပြီး မောင်းတဲ့အမှုပါ ထပ်ပေါင်းရတော့မှာပေါ့…”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top