Healthy Life Ad
Health Tips

နှလုံးကျန်းမာဖို့ ဘာတွေလိုက်နာရမလဲ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နှလုံးကျန်းမာဖို့-

အဆင့်(၁) နှလုံးကျန်းမာရေးနှင့်အညီ စားပါ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုစားပါ။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးအစာနဲ့ ငါးစတာတွေကို များများစားပါ။ ဆိုဒီယမ်၊ ပြည့်ဝဆီနဲ့ သကြားများများစားတာကို ရှောင်ပါ။

အဆင့်(၂) လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ။ တစ်ပတ်မှာ ၁၅၀မိနစ်ခန့် ခပ်သွက်သွက်လေ့ကျင့်ခန်း (ဥပမာ- ခပ်သွက်သွက်လမ်းလျှောက်တာ)ကို လုပ်ဆောင်သင့်ပါတယ်။

အဆင့်(၃) ဆေးလိပ်ရှောင်ပါ

ဆေးလိပ်၊ စီးကရက်မသောက်ပါနဲ့။ ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ။ အရက်အလွန်အကျွံမသောက်ဘဲ ထိန်းချုပ်သောက်သုံးပါ။ အရက်အလွန်အကျွံမသောက်ဘဲမနေနိုင်ရင် ထိန်းချုပ်သောက်သုံးပါ။ အထူးသဖြင့် အမျိုးသားဖြစ်ရင် တစ်နေ့မှာ အရက်နှစ်ပက်၊ အမျိုးသမီးဖြစ်ရင် တစ်နေ့မှာ အရက်တစ်ပက်ထက် ပိုမသောက်သင့်ပါဘူး။

အဆင့်(၄) သွေးတွင်းကိုလက်စထရောအဆင့်ကို ဆန်းစစ်ပါ

သွေးတွင်းကိုလက်စထရောအဆင့်ကို စစ်ဆေးပါ။ 200 mg/dl မကျော်ပါစေနဲ့။ သွေးဖိအားကို ထိန်းချုပ်ပါ။ သွေးတိုးရှိနေရင် အထူးဂရုစိုက်နေထိုင်ပါ။

အဆင့်(၅) သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ

ဆီးချိုသွေးချိုရောဂါကို ထိန်းသိမ်းနေထိုင်ပါ။ သွေးတွင်းသကြားဓာတ်က ညဘက် ၁၂နာရီနောက်ပိုင်း ဘာမှမစားဘဲ မနက်စောစောစစ်တဲ့အခါ 100 mg/dl ထက် မကျော်ပါစေနဲ့။

အဆင့်(၆) နှလုံးကျန်းမာစေမည့် ဆေးမှီဝဲပါ

နှလုံးကျန်းမာရေးကောင်းဖို့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လိုအပ်ပါက ကုသမှုခံယူပါ။ နှလုံးကျန်းမာစေမယ့် ဆေးဝါးမှီဝဲပါ။

အဆင့်(၇) ကိုယ်အလေးချိန်ကို ကျန်းမာရေးနှင့်အညီထိန်းပါ

ကိုယ်အလေးချိန်က BMI ၂၅အောက်မှာပဲ ထားရှိသင့်ပါတယ်။ အဝလွန်နေရင် ကိုယ်အလေးချိန်ကိုလျှော့ချပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top