Healthy Life Ad
Humour

ဘယ်လိုမှ ပြန်တွေးလို့ မရတော့ဘူး

“ဆရာ… ကျွန်တော့်ကိုကူညီပါဦး၊ ကျွန်တော်ကိစ္စတစ်ခုကိုပြန်စဉ်းစားနေတာ ဘယ်လိုမှ သတိမရတော့ဘူးဗျ၊ မှတ်ဉာဏ်တွေ အားနည်းကုန်ပြီထင်ပါတယ်ဗျာ…”

“တစ်ခုနှစ်ခုလောက်ကတော့ လူတိုင်း ဒီလိုပဲသတိမေ့တတ်ပါတယ်၊ ပြန်သတိရအောင် တခြား ဆက်စပ်တဲ့အကြောင်းအရာကို အရင်စဉ်းစားပြီးမှ တဖြည်းဖြည်းပြန်တွေးယူရတယ်ဗျ…”

“ဒီလိုပါ… ကျွန်တော် သူ့ကို ဘယ်နေ့ ဘယ်အချိန်က လက်ထပ်ခဲ့လဲဆိုတာလည်း မှတ်မိတယ်၊ ဘယ်နေရာမှာ လက်ထပ်ခဲ့တယ်ဆိုတာကိုလည်း ကောင်းကောင်းမှတ်မိတယ်၊ အဲ့… ကျွန်တော်သူ့ကိုဘာကြောင့်များ လက်ထပ်ခဲ့မိတာလဲဆိုတာကို ဘယ်လိုမှပြန်စဉ်းစားလို့ မရတော့လို့ပါဗျာ…”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top