Healthy Life Ad
Humour

ကုန်ပစ္စည်းရဲ့ အားနည်းချက်

အမျိုးသားတစ်ယောက်က ချစ်စရာမွေးခါစကလေးလေးနှစ်ယောက်ကို လက်တစ်ဖက်စီမှာ ပွေ့လျက် ရထားဘူတာတွင် ရထားစောင့်နေသည်။ အမျိုးသမီးတစ်ယောက်ကလည်း ရထားစောင့်နေရင်း ကလေးလေးနှစ်ယောက်ကိုတွေ့ပြီး အမျိုးသားကြီးကို စကားစမြည်လာပြောလေသည်။

“ကလေးလေးတွေက ချစ်စရာလေးတွေပါလား… သူတို့နာမည် ဘယ်လိုပေးထားလဲ…”

” မရှိဘူး..”

” နာမည်မပေးရသေးဘူးလား.. ဘယ်သူ့ကို အရင်မွေးတာလဲရှင့်…”

” မသိဘူး…”

“ရှင် ဘယ်လိုအဖေလဲ. . ကလေးလေးတွေကို ချစ်လို့ မေးတာကို ပြန်ဖြေနေတာကလည်း မာရေ ကြောရေနဲ့..”

” ဒီမယ်အစ်မ…ကျွန်တော်က ကလေးအဖေမဟုတ်ဘူး။ ကွန်ဒုံးရောင်းတဲ့ အရောင်းသမား။ ဒါလေးနှစ်ခုက ကျွန်တော့ဆီ ဒီမနက်ရောက်လာတဲ့ ကွန်ပလိမ်းနှစ်ခုဗျ။ အခု ကုမ္ပဏီကိုသွားပြဖို့ရထားလာစောင့်နေတာ ဟုတ်ပြီလား…”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top