Healthy Life Ad
International

နေ့လယ်စာစားပြီး တစ်ရေးအိပ်ခြင်းက ကျန်းမာရေးကောင်းစေ

၊ မိုးမင်းထွန်း ၊

အမေရိကန်သက်ကြီးဖောင်ဒေးရှင်းအဖွဲ့မှ သုတေသီတွေက အသက် ၆၅ နှစ်ကျော် လူ ၃၀ဝ၀ကို သုတေသနပြုလုပ်ခဲ့ရာ နေ့လယ်မှာ တစ်နာရီကြာအိပ်စက်လေ့ရှိသူတွေဟာ သင်္ချာပုစ္ဆာတွေဖြေရှင်းတာ၊ ပထဝီပုံတွေဆွဲတာနဲ့ စကားလုံးတွေမှတ်မိတာတို့မှာ ပိုမိုထူးချွန်ကြကြောင်း တွေ့ရှိခဲ့ပါတယ်။

နေ့ခင်းတစ်ရေးအိပ်လေ့မရှိသူတွေက စမ်းသပ်မှုတွေမှာ ရလဒ်ဆိုးရွားတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ တစ်ရေးအိပ်တတ်သူတွေက လုံးဝမအိပ်သူတွေထက် အသိဉာဏ်ပိုင်းဆိုင်ရာသာလွန်ကြပြီး ဒါက အယ်လ်ဇိုင်းမားလိုရောဂါတွေကိုလည်း ကာကွယ်ရာရောက်ကြောင်း သုတေသီတွေကပြောပါတယ်။ အိပ်စက်တာက မှတ်ဉာဏ်လုပ်ဆောင်မှုတွေ ပုံမှန်အတိုင်းပြန်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ကြောင်း သုတေသီတွေကပြောပါတယ်။

နေ့လယ်စာနဲ့ညစာကြားမှာ အကောင်းဆုံးအဖြစ် အချိန်တစ်နာရီကြာအိပ်စက်ဖို့လိုပြီး တခြားအချိန်တွေမှာ အိပ်စက်တာက တူညီတဲ့အကျိုးမပေးနိုင်ကြောင်းသိရပါတယ်။ နေ့ခင်းတစ်မှေးအိပ်တာက သွေးဖိအားကျစေတာကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေကြောင်း တခြားလေ့လာမှုတွေကလည်း ဆိုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top