Healthy Life Ad
Health Tips

ပန်ကာလေခံတာက ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှုရှိသလဲ . . .

ပန်ကာလေကြောင့် အောက်ပါကောင်းကျိုးတွေရှိပါတယ်။

– အခန်းထဲမှာ ပန်ကာဖွင့်ထားတာကြောင့် လေထုကိုအေးမြစေပါတယ်။

– မျက်နှာကျက်မှာ ပန်ကာတပ်ထားရင် အခန်းတွင်းရှိ အင်းဆက်ပိုးမွှားတွေကို ကင်းစင်စေပါတယ်။

– မျက်နှာကျက်ပန်ကာဟာ တစ်ခန်းလုံးကို အေးမြစေပါတယ်။

– ပန်ကာလေက အခန်းတွင်းလေထုကို အေးမြစေတာကြောင့် အခန်းထဲနေသူတွေကို ချွေးထွက်နည်းစေပြီး သက်သောင့်သက်သာရှိစေပါတယ်။

– ပန်ကာလေတိုးသံက တခြားအသံတွေကို ဖုံးလွှမ်းသွားရင် အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

ပန်ကာလေကြောင့် ဖြစ်နိုင်တဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။

– အိပ်ခန်းထဲမှာ ပန်ကာဖွင့်ပြီးအိပ်တာကြောင့် အသားအရေကို ခြောက်သွေ့စေပါတယ်။

– လည်ချောင်းနာတာနဲ့ အာခြောက်တာတို့ကို ဖြစ်စေနိုင်ပါတယ်။

– တစ်ကိုယ်လုံးကို ရေဓာတ်ခမ်းခြောက်စေပါတယ်။

– ဓာတ်မတည့်မှုကို ပိုဆိုးစေပြီး နှာချေတာ၊ နှာရည်ကျတာတို့ ဖြစ်တတ်ပါတယ်။

– ဇက်ကြောတောင့်တင်းနေတတ်ပါတယ်။

– ပန်းနာရင်ကျပ်ဝေဒနာရှိရင် ပိုဆိုးစေနိုင်ပါတယ်။

– တစ်ကိုယ်လုံးကို တောင့်တင်းနေစေပါတယ်။

– ပန်ကာလေတိုးသံက ဆူညံနေတဲ့အတွက် အအိပ်ဆတ်သူတွေမှာ ညဘက် အိပ်ရေးဝ၀အိပ်ပျော်နိုင်စွမ်းကို ထိခိုက်စေပါတယ်။

ပန်ကာဖွင့်မည်ဆိုလျှင် သတိပြုရန်

– လူကို ပန်ကာလေတိုက်ရိုက်မကျစေဘဲ ပန်ကာကိုအခန်းတွင်းရှိ လေအေးမြအောင် လှည့်ပတ်ဖွင့်ထားပေးပါ။

– အခန်းထဲကလေကို အေးမြအောင်လှည့်ပတ်ဖွင့်ထားရင် ပိုးမွှားနဲ့ဖုန်မှုန့်တွေကိုကင်းစေပြီး လေထုကိုသန့်စင်စေပါတယ်။

– ပန်ကာဖွင့်တဲ့အခါ အခန်းတွင်းလေထုက ခြောက်သွေ့တတ်တဲ့အတွက် အစိုဓာတ်ထိန်းနိုင်တဲ့စက် (Humidifier)ကို တွဲဖက်အသုံးပြုရင် ပိုမိုကောင်းမွန်ပါတယ်။

– ပန်ကာလေနဲ့ ဆံပင်ကိုအခြောက်မခံပါနဲ့။ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။

– အပြင်က ပြန်ရောက်ရောက်ချင်း ပန်ကာလေရှေ့မှာ ချက်ချင်းမထိုင်လိုက်ပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top