Healthy Life Ad
Q & A

သက်လတ်ပိုင်းအရွယ် မိတ်ကပ်လိမ်းရာတွင် . . .

မေး. သက်လတ်ပိုင်းအမျိုးသမီးတွေက မိတ်ကပ်လိမ်းရာမှာ ဘယ်လိုအချက်တွေကို ဂရုစိုက်သင့်ပါသလဲ။
ဒေါ်လွင်လွင်မာ၊ ကျောက်တံတား။

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. သက်လတ်ပိုင်း အမျိုးသမီးတွေဆိုရင်-

– လေအေးစက်နဲ့ ရုံးခန်းထဲမှာ အမြဲနေရတဲ့သူတွေက အရေပြားခြောက်သွေ့တတ်လို့ အစိုဓာတ်ဖြည့်ခရင်မ်ကို မိတ်ကပ်အောက်မှာ ခံလိမ်းသင့်ပါတယ်။

– နေပူထဲ အမြဲထွက်ရတဲ့သူတွေဆိုရင် နေရောင်ကာအစွမ်းပါတဲ့ မိတ်ကပ်သုံးသင့်ပါတယ်။

– နေပူထဲထွက်ရမယ်ဆိုရင် မိတ်ကပ်ပေါ်က သနပ်ခါးထပ်လိမ်းရင် ပိုနေသာပါတယ်။ သနပ်ခါးရဲ့အအေးဓာတ်က မျက်နှာကို အပူဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

အသက်ကြီးပိုင်းတွေမှာတော့ Anti-aging မိတ်ကပ်တွေ သုံးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top