Healthy Life Ad
Life Style

အောင်မြင်တဲ့ပုဂ္ဂိုလ်တွေက နေ့တိုင်းပုံစံတူ ဝတ်စုံကို ဘာကြောင့် ဝတ်ရတာလဲ

၊ ကိုမိုး ၊

အိုဘားမား၊ မက်ဇူကာဘက်စတဲ့ အောင်မြင်တဲ့ပုဂ္ဂိုလ်တွေက အရေးကြီးတဲ့ အခမ်းအနားမရှိရင် ပုံစံတူဝတ်စုံ တွေကိုပဲဝတ်လေ့ရှိပါတယ်။

(၁) အချိန်ကုန် သက်သာခြင်း
ဒီနေ့ ဘာဝတ်စုံဝတ်ရမလဲဆိုတာ စဉ်းစားဖို့ မလိုဘဲ အချိန်ကုန်သက်သာစေပါတယ်။

(၂) ဆုံးဖြတ်ချက် ချမှတ်ရန် မလိုခြင်း
နာမည်ကျော်တဲ့ပုဂ္ဂိုလ်တွေက နေ့စဉ်နေ့တိုင်း မီးခိုးရောင် ဒါမှမဟုတ် အပြာရောင်တီရှပ်တွေကိုပဲ ဝတ်လေ့ရှိကြ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာဝတ်မယ်၊ ဘာစားမယ် ဆိုတာကိုဆုံးဖြတ်ချက်ချမှတ်စရာမလိုတော့ပါဘူး။ တခြား အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချစရာကိစ္စတွေ များတာကြောင့် ဒီအသေးအမွှားတွေအတွက် အချိန်မပေးနိုင်လို့ပါ။

(၃) စိတ်လက်ပေါ့ပါးခြင်း
မနက်မိုးလင်းလာရင် ဘာဝတ်စုံဝတ်ရပါ့မလဲလို့ စိတ်ညစ်၊ စိတ်ရှုပ်စရာမလိုဘဲ တူညီတဲ့ ဝတ်စုံဝတ်တာကြောင့် စိတ်လက်ပေါ့ပါးနေပါတယ်။ အဲဒီအခါ အလုပ်ကိုဖိစီးမှုကင်းကင်းစတင်နိုင်မှာပါ။

(၄) သိမ်းဆည်းရ လွယ်ကူခြင်း
တူညီတဲ့ တီရှပ်တွေကိုပဲထည့်သိမ်းရတဲ့အတွက် ဝတ်ဖို့ရှာရတာလည်း အလုပ်မရှုပ်တော့ပါဘူး။

(၅) ကုန်ကျစရိတ် သက်သာခြင်း
ချည်သားတီရှပ်ကို ပုံစံတူဝယ်ဝတ်တာကြောင့် ဈေးကလည်း လျှော့ဈေးနဲ့ရတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top