Healthy Life Ad
Health Tips

အအေးမိ၊ တုပ်ကွေးကြောင့် နာမကျန်းဖြစ်နေလျှင်

၊ ငွေကြယ်စင်ယံ ၊

အလုပ်တွေ လုပ်နေရင်း အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေလို နာမကျန်းမှုတစ်ခုခု ဖြစ်လာခဲ့ ရင်ကျန်းမာရေး အမြန်ကောင်းလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။

– ကောင်းကောင်း အနားယူပါ
သင့်ကျန်းမာရေး ချက်ချင်းပြန်ကောင်းလာစေဖို့ အကောင်းဆုံးနည်းက လိုအပ်တဲ့အချိန်မှာ တစ်ရက်လောက် အပြည့်အဝအနားယူ ပေးဖို့ပဲဖြစ်ပါတယ်။ အထူးသဖြင့် သားသမီးငယ်ရှိတဲ့ မိဘတွေအဖို့ သင့်ကလေးတွေက နာမကျန်းဖြစ်နေတဲ့ အချိန်တွေမှာ သင်ကိုယ်တိုင်ကလည်း နေမကောင်းဖြစ်နေတယ်ဆိုရင် ပိုပြီး စိတ်ပင်ပန်းကာ အမြန်သက်သာလာဖို့မလွယ်ပါဘူး။ ဒါကြောင့် ကလေးတွေကိုပြုစုပေးမယ့် သူနာပြုဆရာမကို အချိန်ပိုင်းငှားပြီး သင်ကိုယ်တိုင် ပြည့်ပြည့်ဝ၀အနားယူလိုက်ပါ။

– စိတ်အေးအေးထားပါ
သင်က အလုပ်လုပ်သူဖြစ်လို့ အလုပ်ကနေ ခွင့်ယူလို့မရခဲ့ရင် အလုပ်မှာသက်သောင့်သက်သာ အလုပ်လုပ်နိုင်မလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ တကယ်လို့ အလုပ်ကြောင့် ပိုပင်ပန်းနွမ်းနယ်မှုကို ခံစားရ နိုင်တယ်ဆိုရင်တော့ အထက်လူကြီးကို ပြောပြပြီး ခွင့်ယူလိုက်ပါ။

– အရည်များများ သောက်ပါ
သင် အရင်ကလည်း ကြားဖူးမှာပါ။ နေမကောင်းဖြစ်နေချိန်မှာ အရည်များများ သောက်ပေးရင် ခန္ဓာကိုယ်တွင်းစနစ်တွေ မြန်မြန် အလုပ်လုပ်ပြီး အမြန်သက်သာလာတတ်ပါတယ်။ ရေနွေးကြမ်းပူပူ သောက်တာ၊ ဗီတာမင်စီပါတဲ့ သစ်သီး ဖျော်ရည် သောက်တာတွေကို လိုက်နာပါ။

– အခြားသူဆီမှ အကူအညီယူပါ
သင်နာမကျန်းဖြစ်ပြီး ပင်ပန်းနေချိန်မှာ သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေဆီက အကူအညီကို လက်ခံသင့်ပါတယ်။ ကလေးမိခင်တွေအတွက် ကလေးထိန်းပေးမယ့်သူရှိရင် အကူအညီ တောင်းပြီး တစ်ရေးအိပ်ကာ အနားယူပါ။ သူငယ်ချင်းတစ်ဦးက ကြက်စွပ်ပြုတ်ယူလာရမလားမေးတဲ့အခါ လက်ခံလိုက်ပါ။ သူတို့ကို ကူညီရမယ့် အလှည့်ကျရင်လည်း ပြန်လည်အကူအညီပေးဖို့ မမေ့သင့်ပါ။

– ကလေးများကို သင်ပေးပါ
ကလေးမိခင်တွေအတွက် သင်နေမကောင်းဖြစ်နေချိန်မှာ ကလေးတွေကို တိတ်တိတ်ဆိတ်ဆိတ် ကစားဖို့ ပြောထားပါ။ ကလေးတွေကို စည်းကမ်းတကျနေဖို့၊ တာဝန်ယူနိုင်တာတွေကို မိမိဘာသာလုပ်ဆောင် ဖို့သင်ပေးထားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top