Healthy Life Ad
Q & A

ဘီပိုးကာကွယ်ဆေး ဘယ်လိုထိုးရမလဲ . . .

မေး။ ။ ဓာတ်ခွဲခန်းမှာစစ်ကြည့်တာ ဘီပိုးမရှိဘူးလို့ အဖြေထွက်လာပါတယ်။ အပြင်ဆေးဆိုင်က ဘီပိုးကာ ကွယ်ဆေးဝယ်ထိုးလိုက်ပါတယ်။ တစ်လုံးထိုးရင် လုံလောက်ပါသလားခင်ဗျာ။ နောက်လ ဆက်ထိုးဖို့လို ပါသလား ခင်ဗျား။
ဦးဇော် (FB)

ဒေါက်တာခွန်ဝင်းလတ် ဖြေကြားသည်။

ဖြေ။ ။ ဘီပိုးရှိတဲ့သူနဲ့အထိအတွေ့ရှိရင်တော့ ဝ -၁ -၂ -၁၂ ဆိုတဲ့နည်းကိုသုံးရတယ်။ ဆိုလိုတာက အခုထိုးပြီးရင် တစ်လအကြာ တစ်လုံး၊ နှစ်လအကြာ တစ်လုံးနဲ့ ၁၂ လအကြာ တစ်လုံးထိုးရတာပါ။ မရှိရင် တော့ ဝ-၁-၆ ကိုသုံးလို့ရတယ်။ ဒီနည်းက အခုထိုးပြီးရင် တစ်လအကြာ တစ်လုံးထိုးရမယ်၊ နောက် ခြောက်လအကြာ တစ်လုံးထိုးရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top