Healthy Life Ad
International

လှုပ်ရှားမှုနည်းသည့် ဆယ်ကျော်သက်များတွင် အရိုးချည့်နဲ့နိုင်

၊ မိုးမင်းထွန်း

ကနေဒါနိုင်ငံမှ သုတေသီတွေဟာ ဆယ်ကျော်သက်အရွယ်ကိုယ်ခန္ဓာလှုပ်ရှားတာနဲ့ အရိုးသန်စွမ်း တာတို့အကြား ဆက်စပ်မှုကိုလေ့လာဖို့ ဆယ်ကျော် သက် ၃၀၉ ယောက်ကို ၄ နှစ်ကြာလေ့လာခဲ့ကြပါတယ်။ လှုပ်ရှားမှုနည်းတဲ့ ဆယ်ကျော်သက်တွေမှာ ပိုမိုအရိုးချည့်နဲ့တာကို တွေ့ရှိခဲ့ပါတယ်။ အရိုးသန်စွမ်းတာက ကျိုးပဲ့ခြင်းမှကာကွယ်နိုင်တာကြောင့် အရေးကြီးကြောင်း ဦးဆောင်သုတေသီ လိဂေဘယ်က ပြောပါတယ်။

ဂေဘယ်နဲ့အဖွဲ့ဟာ တစ်ရက် မိနစ် ၆၀လှုပ်ရှား မှုရှိသူတွေနဲ့ မိနစ်၃၀အောက်လှုပ်ရှားမှုရှိသူ ဆယ် ကျော်သက်တွေအကြားခြားနားမှုလေ့လာဖို့ ပုံရိပ်မြင့် သရီးဒီ X-ray ပုံတွေကို အသုံးပြုခဲ့ကြပါတယ်။မိန်း ကလေးတွေအတွက် အသက် ၁၀ နှစ်နဲ့ ၁၄နှစ်ကြား၊ ယောကျာ်းလေးတွေအတွက် အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်ကြားအထိ ၄နှစ်တာကာလဟာ လူ့အရိုးဖွဲ့စည်းပုံ ရဲ့ ၃၆ ရာခိုင်နှုန်းဖွံ့ဖြိုးကြတာကြောင့် အရေးကြီးတဲ့ အချိန်တွေဖြစ်ကြောင်း သိရပါတယ်။

အထိုင်များတဲ့ ဆယ်ကျော်သက်တွေထက် ဘောလုံး၊ ဘက်စကက်ဘောလို ပြေးတာ၊ ခုန်ပေါက် တာလုပ်ရတဲ့အားကစားလိုက်စားတဲ့ ဆယ်ကျော် သက်တွေမှာ အရိုးပိုမိုသန်စွမ်းတာတွေ့ရှိခဲ့ပါတယ်။လှုပ်ရှားမှုမှာ အားကစားအပြင် အိမ်မှာကတာ၊ ခွေးနဲ့ ဆော့တာလို ရွေ့လျားမှုပြုလုပ်တာမှန်သမျှ အကျုံးဝင်ကြောင်း သုတေသီတွေကဆိုပါတယ်။ ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ ကလေးတွေ ပိုမိုလှုပ်ရှားကစားနိုင်တဲ့ အခွင့်အရေးတွေပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။

ဆယ်ကျော်သက်တွေနဲ့ ကလေးအရွယ်တွေမှာ များများလှုပ်ရှားကစားပေးတာက ဘဝတစ်သက်တာ အရိုးသန်စွမ်းဖို့အတွက် အရေးကြီးတာကြောင့် မိဘတွေကလည်း ကလေးတွေ လှုပ်ရှားကစားအောင် ဦးဆောင်သွန်သင်ပေးသင့်ကြောင်း သုတေသီတွေက တိုက်တွန်းထားပါတယ်။

၊ (Ref; SD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top