Healthy Life Ad
International

ဒေါင်းရောဂါစုဝေဒနာရှင် မိန်းကလေးက မိုးလေဝသသတင်းကြေညာသူဖြစ်လာ

၊ မိုးမင်းထွန်း ၊

ပြင်သစ်နိုင်ငံမှ ဒေါင်းရောဂါစုဝေဒနာရှင် မိန်းကလေးတစ်ယောက်ရဲ့ မိုးလေဝသသတင်းကြေညာသူဖြစ်ဖို့ ရည်မှန်းချက်ဟာ မကြာခင်မှာ ပြည့်ဝတော့မယ်လို့သိရပါတယ်။ အသက် ၂၁နှစ်အရွယ် မယ်လာနီဆီဂါ့ဒ်ဟာ သူ့ရဲ့မသန်စွမ်းရောဂါကြောင့် ရည်မှန်းချက်ပြည့်ဝဖို့ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးလို့ထင်ခဲ့တာပါ။

ဒါပေမဲ့ Unapei အမည်ရှိ ပြင်သစ်လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့ရဲ့ ကူညီမှုကြောင့် မယ်လာနီဆီ ပြင်သစ်ရုပ်သံဌာနတော်တော်များများရဲ့ အလုပ်ကမ်းလှမ်းမှုတွေ လက်ခံရရှိခဲ့ပါတယ်။ သင်ယူရာမှာ ချို့ယွင်းချက်ရှိသူတွေကို ကူညီနေတဲ့ Unapei အဖွဲ့က Melanie Peut Le Faire (မယ်လာနီလုပ်နိုင်တယ်လို့အဓိပ္ပါယ်ရ)တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ မယ်လာနီက သူ့စာမျက်နှာရဲ့ ပရိသတ် ၁သိန်းရှိလာရင် ရုပ်သံဌာနတွေအနေနဲ့ အလုပ်ကမ်းလှမ်းဖို့ စိန်ခေါ်စကားဆိုခဲ့ပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ မယ်လာနီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပရိတ်သတ် ၁သိန်းကျော်သွားခဲ့ပြီး စုစုပေါင်း ၁၈၅၀ဝ၀ ကျော်ရှိလာခဲ့ပါတယ်။

သူ့ရောဂါကြောင့် ခြားနားတဲ့လူတစ်ယောက်ဖြစ်နေပေမယ့် လုပ်နိုင်တဲ့အရာတွေများစွာရှိသေးတာကို လူတွေသိစေချင်ကြောင်းနဲ့ တီဗီအစီအစဉ်မှာပါဝင်ပြီး သက်သေပြမှာဖြစ်ကြောင်း မယ်လာနီကပြောပြပါတယ်။ မယ်လာနီရဲ့အောင်မြင်မှုဟာ ဒေါင်းရောဂါစုဝေဒနာရှင်တွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ရာရောက်ကြောင်း Unapei အဖွဲ့ကပြောပါတယ်။ မယ်လာနီရဲ့ မိုးလေဝသအစီအစဉ်တင်ဆက်မှုကို မတ်လ၂၇ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် လွှင့်ထုတ်မှာဖြစ်ကြောင်းသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top