၊ လရိပ်မေ ၊
ကိုင်လီမီနော့ဂ်ဟာ တစ်ချိန်လုံးလန်းဆန်းပြီး တောက်ပနေတာကြောင့် အများစုက သူရဲ့ အလှအပလျှို့ဝှက်ချက်ကို သိလိုကြပါတယ်။ ဒီအကြောင်းကို သူရဲ့မိတ်ကပ်ဆရာ ခရစ္စတင်းက အောက်ပါအတိုင်း ရှင်းပြထားပါတယ်။
ကိုင်လီဟာ ခရင်မ်အမျိုးအစား အလှကုန်ကို လိမ်းပြီး ပေါင်ဒါမှုန့်ကို နည်းနည်းပဲ သုံးပါတယ်။ ဖောင်ဒေးရှင်းခရင်မ်အဖြစ် အစိုဓာတ်ထိန်းခရင်မ် လိမ်းလေ့ရှိသူပါ။
မျက်ဝန်းကြီးမားလှပစေဖို့အတွက် မက်စ်ကာရာ တစ်ထပ် လိမ်းလေ့ရှိပါတယ်။ ကိုင်လီရဲ့ မျက်ဝန်း ကိုအရောင်တွေအများကြီး ခြယ်သလေ့မရှိပါဘူး။ သူက ရွှေအိုရောင်နဲ့ ပန်းရောင်စပ်ထားတဲ့ အိုင်းရှဲ ဒိုးကိုသဘောကျတာကြောင့် အဲဒီအရောင် ခရင်မ် အမျိုးအစားအိုင်းရှဲဒိုးကိုပဲ ခြယ်သပေးရပါတယ်။
အပေါ်မျက်တောင်လိုင်း တစ်လျှောက်မှာ အနက်ရောင်ကာခြယ်ဆိုးပေးပြီး မျက်ခုံးအစွန်းဘက်ကို နည်းနည်း ထုတ်ဆိုးလိုက်ပါတယ်။
မျက်ခုံးကိုမခြယ်ခင် မက်စ်ကာရာဆိုးပြီးမှ မျက်ခုံးအရှည်အတိုင်း ဘရပ်ရှ်နဲ့ဆွဲလေ့ရှိပါတယ်။
အသားအရေကို ဖရီးရယ်ဒီကယ်နဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ဒဏ်မခံရစေဖို့အတွက် ဗီတာမင်အေ၊ အီး၊ စီ၊ လက်ဖက်စိမ်းအနှစ်၊ ရှားစောင်းလက်ပပ်အစရှိတဲ့ အောက်ဆီဂျင်ပေးတဲ့ ကုထုံး (Oxygen Skin Treatment) သုံးပြီး ပြုပြင်ပေးပါတယ်။ ဒီနည်းက မိနစ် ၄၀ ကြာပေမယ့် အဆင်ပြေပါတယ်။
အသားအရေ ကြည်လင်တောက်ပစေဖို့အတွက် ဗီတာမင်စီနဲ့ ရောထားတဲ့ Hylaronic Acid ပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းလေ့ရှိပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)