မေး။ ။ စားအုံးဆီတွေကို စားရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။
ဒေါ်ရွှေဇင်၊ မုံရွာ။
ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။
ဖြေ။ ။ စားအုံးဆီက ပြည့်ဝဆီ (Saturated Fat)ထဲမှာ ပါတဲ့အတွက် ဖြစ်နိုင်ရင် မစားတာ အကောင်းဆုံးပါပဲ။ ဆီးချိုရောဂါရှိသူတွေ၊ သွေးတွင်း ကိုလက်စထရောမြင့်သူတွေ၊ နှလုံးရောဂါရှိသူတွေ၊ နှလုံးသွေး ကြောကျဉ်းသူတွေဟာ စားအုံးဆီစားမိရင် သွေးကြောတွေ ပိုပိတ်လာနိုင်ပါတယ်၊ ပိုဝလာနိုင်ပါတယ်။ ဒါကြောင့် စားအုံးဆီကို ဖြစ်နိုင်ရင် မစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)