Healthy Life Ad
International

အချိန်ပေးဂရုစိုက်ခံရသည့် မိဘများ အသက်ပိုရှည်

၊ မိုးမင်းထွန်း ၊

မိဘတွေအပေါ် အချိန်ပိုပေး ဂရုစိုက်တာက သူတို့အသက်ပိုရှည်အောင် ကူညီပေးတယ်လို့ လေ့လာမှုအသစ်တစ်ခုကဆိုပါတယ်။အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတွေက သက်ကြီးရွယ်အို အ ထီးကျန်ဆန်တာဟာ စွမ်းဆောင်ရည်ကျဆင်းပြီး တချို့အခြေအနေတွေမှာ အရွယ်မတိုင်ခင် သေဆုံးခြင်းကို ဖြစ်ပေါ်စေတတ်ကြောင်း တွေ့ရှိခဲ့ပါတယ်။သူတို့က ပျမ်းမျှအသက် ၇၁ နှစ်ရှိ သက်ကြီးရွယ်အို ၁၆၀ဝယောက်ကို လေ့လာခဲ့ကြတာပါ။

သုတေသနမှာပါဝင်သူတွေထဲမှ ၆ နှစ်အတွင်း အထီးကျန်သူအ ဖြစ်သတ်မှတ်ခံရသူ ၂၃ ရာခိုင်နှုန်းခန့်နဲ့ အဖော်အ ပေါင်းရှိသူ ၁၄ ရာခိုင်နှုန်းခန့်ဟာ ကွယ်လွန်သွားခဲ့ကြ ပါတယ်။ သက်ကြီးရွယ်အိုအထီးကျန်တာက ဘဝအရည်အသွေးကျဆင်းရာမှာ အဓိကအချက်အဖြစ် ပါဝင်ကြောင်း သုတေသနရလဒ်အရ ကောက်ချက်ချနိုင်ခဲ့ပါတယ်။ အထီးကျန်တာကြောင့် စိတ်ဓာတ်ကျတာ၊ မှတ်ဉာဏ်ချို့ယွင်းတာနဲ့ နှလုံးရောဂါလို ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

မိသားစု၊ မိတ်ဆွေတွေနဲ့ နီးနီးကပ်ကပ် နေထိုင်ရတဲ့ သက်ကြီးရွယ်အိုတွေဟာ အသက်ပို ရှည်တတ်တာကြောင့် သက်ကြီးဆွေမျိုးတွေ ပျော်ရွှင်အောင် အချိန်ပေးကာ ဂရုစိုက်ပေးဖို့လိုကြောင်း သုတေသီတွေက တိုက်တွန်းထားပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top