Healthy Life Ad
International

ပိုင်းခြားခွဲစိတ်မှုပြီးနောက် ၃ လအကြာ ကိုယ်ချင်းဆက်အမြွှာညီအစ်မနှစ်ယောက် ဆေးရုံမှဆင်းနိုင်တော့မည်

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ အသက်နှစ်နှစ်အရွယ် အီဗာနဲ့ အယ်ရစ်ကာစန်ဒိုဗယ်လ် ကိုယ်ချင်းဆက် ညီအစ်မနှစ်ယောက်ဟာ မွေးကတည်းက ရင်ညွန့်ချင်းဆက်နေပြီး အစာခြေစနစ်၊ သားအိမ်၊ အသည်း၊ ဆီးအိမ်နဲ့ ခြေထောက်သုံးချောင်းတို့ကို ဝေမျှထားကြပါတယ်။

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက်နေ့က လူ ၅၀ ပါဝင်တဲ့အဖွဲ့နဲ့ ပိုင်းခြားခွဲစိတ်မှုကို ၁၈ နာရီကြာပြုလုပ်ခဲ့ရပါတယ်။ ညီအစ်မတစ်ယောက်ချင်းစီမှာ ခြေထောက်တစ်ဖက်စီပိုင်ဆိုင်နိုင်ခဲ့ပြီး တတိယတစ်ချောင်းကိုတော့ အရေပြားပြန်လည်ပြုပြင်ရာမှာ အသုံးပြုခဲ့ပါတယ်။ ဆေးရုံမှာ သုံးလကြာနေထိုင်ခဲ့ပြီးနောက် ညီအစ်မနှစ်ယောက်ဟာ ဆေးရုံကဆင်းနိုင်တော့မှာဖြစ်ပါတယ်။ ပထမ သူတို့အိမ်အနီးရှိ ပြန်လည်ထူထောင်ရေးစင်တာတစ်ခုမှာ ရက်အနည်းငယ်နေထိုင်ပြီးနောက် အိမ်ကိုပြန်နိုင်တော့မှာဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက်ဟာ ကိုယ်ပိုင်ဘဝတစ်ခုစီ ပိုင်ဆိုင်နိုင်ကြပြီဖြစ်ပြီး အခြေအနေကောင်းမွန်နေပြီလို့ ဆရာဝန်တွေကပြောပါတယ်။ အနာဂတ်မှာ ကလေးတွေအတွက် ခြေထောက်အတုတစ်ချောင်းစီ တပ်ဆင်ပေးမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ မိဘတွေကပြောပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top