လူနာအဒေါ်ကြီးရဲ့ ဆေးစစ်ချက်တွေကို လက်ထောက်သူနာပြုလေးက မှတ်တမ်းတင်နေလေသည်။
” ကိုယ်အလေးချိန်က ၁၄၄ ပေါင်တောင် ဖြစ်နေပါလား . . . ဆရာတော့ဆူတော့မှာပဲ နောက်ဆုံး အလုံးလေးလျှော့ပြီး မှတ်ပေးပါလား ဆရာမလေးရယ်. . နော် . . .”
” ဟုတ်ပါပြီရှင်”
ဆေးမှတ်တမ်းကို ဆရာဝန်က ကြည့်ပြီးနောက် ရယ်ပြီးပြောလိုက်ပုံက-
” သြော်. . . ဒေါ်လေး ကိုယ်အလေးချိ်န်ကို အတော်ကို ထိန်းထားတာပဲ. . . ကြည့်ပါဦး ၁၄ ပေါင်ပဲ ရှိတော့တယ်”