Healthy Life Ad
Q & A

အရေးပေါ်တားဆေးသောက်ပြီး ဘယ်လိုခံစားရနိုင်သလဲ

မေး ။ အရေးပေါ်တားဆေး သုံးစွဲရင် ဘယ်လိုအကျိုးရနိုင်ပါသလဲရှင်။ စစချင်းသောက်ပြီးရင် ဘယ် လိုခံစားရပါသလဲ။ အခု သူငယ်ချင်းမှာ ခံစားနေရပါတယ်။ သောက်ပြီး ၄-၅ရက်အတွင်း သွေး အနည်းငယ်ဆင်းနေတာ တစ်ပတ်ကျော်နေပြီလို့သိရပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲရှင်။ ကိုယ်ဝန်မရှိအောင် သောက်တဲ့ဆေးတစ်လုံးထဲ သောက်ရတာပါ။ ၃ရက်အတွင်း သောက်ရတဲ့ဆေးလို့သိရပါတယ်။
Pantha Zin(Fb)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ပြန်လည်ဖြေကြားပေးသည်။
ဖြေ ။ အရေးပေါ်တားဆေးဆိုတာ မလွှဲသာမရှောင်သာ အကာအကွယ်မပါဘဲ ကလေးရနိုင်တဲ့ရက် မှာနေမိသူတွေအတွက် စွန့်စွန့်စားစား သောက်ရတဲ့ဆေးပါ။ ၇၂ နာရီအတွင်းဆိုပေမယ့် စောနိုင် လေကောင်းလေပါ။ ဘေးထွက်ဆိုးပြစ်တွေအနေနဲ့ အော်ဂလီဆန်ပျို့အန်ခြင်း၊ အားအင်ကုန်ခမ်း မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ရာသီလာမှုပြောင်းလဲခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရာနှုန်းပြည့် စိတ်ချဘေးကင်းတဲ့နည်း မဟုတ်ကြောင်း သတိပေးလိုပါတယ်။ မသက်သာရင် ဆေးရုံ၊ ဆေးခန်းပြသဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top