Healthy Life Ad
Q & A

ဆေးလိမ်းတာနဲ့ ဆေးစားတာ ဘယ်အရာ ပိုထိရောက်သလဲ . . .

မေး ။ ဆေးလိမ်းတာနဲ့ ဆေးစားတာ ဘယ်အရာက ပိုထိရောက်မှုရှိပါသလဲ။ ဥပမာ ညောင်းညာကိုက်ခဲနေရင် အကိုက်အခဲပျောက်ဆေး သောက်တာနဲ့ အကိုက်အခဲပျောက်စေတဲ့ ဆေးလိမ်းတာ ဘယ်အရာက ပိုထိရောက်မှုရှိပါသလဲ။
ဦးအံ့ကြီး၊ ကျောက်တံတား။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးသည်။

ဖြေ ။ ဆေးလိမ်းတာနဲ့ဆေးစားတာမှာ ဥပမာ-အကိုက်အခဲပျောက်ဆေးလိမ်းလိုက်ရင် ခဏလေးပဲ နာကျင် ကိုက်ခဲတာ သက်သာသွားတယ်။ အကိုက်အခဲပျောက်ဆေးသောက်ရင် ပိုပြီး ထိရောက်မှုက ကြာရှည်တယ်။ လိမ်းဆေးက ချက်ချင်းတော့ အာနိသင်ပြတယ်၊ ဒါပေမဲ့ တစ်နာရီ-နှစ်နာရီလောက်ပဲအစွမ်းသတ္တိရှိတယ်။ သောက်ဆေးကတော့ ရှစ်နာရီလောက်အထိ အာနိသင်ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top