Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါရှင်တို့ အမြဲသိရှိထားသင့်သည့်အချက်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

Target
(၁) Fasting Blood Sugar စစ်ဆေးခြင်း
– ည ၁၀ နာရီနောက်ပိုင်း ဘာမှ မစားရ။ (ရေသောက်နိုင်သည်။)
– နံနက် ၇ နာရီတွင် စစ်ရမည်။
– (ရှိသင့်သည့် အတိုင်းအတာ ၉၀-၁၃၀ mg%)
၃/၅ ရက် တစ်ကြိမ် စစ်နိုင်။

(၂) 2 Hour Post Prandial
– အစာစားပြီး နှစ်နာရီအကြာတွင် စစ်ရန်။
(ရှိသင့်သည့် အတိုင်းအတာ ၁၄၀-၁၈၀ mg%)

(၃) Random Blood Sugar
– ကြိုက်တဲ့အချိန် စစ်နိုင်။
(ရှိသင့်သည့် အတိုင်းအတာ < ၂၀ဝ mg%)\

မှတ်ချက်
HbA1c သုံးလတစ်ခါ စစ်ရန်၊ ပျမ်းမျှ သွေးချို
(ရှိသင့်သည့် အတိုင်းအတာ < ၇ %)
တစ်နှစ်တစ်ခါ မျက်စိ၊ ECG ၊ ကျောက်ကပ်၊ အဆီ စစ်ရန်။
ကြိုက်သလောက်စားပါ – အရွက်၊ အသား၊ ငါး
အသင့်အတင့်စားပါ – ဆန်၊ ဂျုံ၊ ခေါက်ဆွဲ
ဆင်ခြင်ပါ – ချိုသော အရည်၊ ချိုသော အသီး၊ ချိုသော မုန့်များအား ဆီးချိုတက်လျှင် မစားရ။
တစ်နေ့ နာရီဝက် လေ့ကျင့်ခန်းလုပ်ပါ – ဆီးချိုသွေးချိုရောဂါရှိသူတိုင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ကုထုံးတစ်ခုအနေနဲ့ မလွဲမသေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တာကြောင့် သွေးချိုထိန်းသိမ်းမှု ပိုကောင်းစေပါတယ်၊ နှလုံးသွေးကြောရောဂါ ပိုမိုဖြစ်ပွားမှုကို လျော့ကျစေပါတယ်၊ ကိုယ်အလေးချိန်လျော့ကျစေပါတယ်၊ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်းပြီး နေထိုင်လှုပ်ရှားမှုပိုကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top