Healthy Life Ad
International

ကိုယ်အလေးချိန် ၁၅ပေါင်ရှိ ကလေးမွေးဖွား

၊ မိုးမင်းထွန်း ၊

မိခင်တစ်ယောက်ဟာ တရုတ်နိုင်ငံရဲ့ အထွားကျိုင်းဆုံး ကလေးတစ်ယောက်ကို ဗိုက်ခွဲမွေးဖွားနိုင်ခဲ့ပါတယ်။ ပျမ်းမျှကိုယ်အလေးချိန်ထက် နှစ်ဆရှိတဲ့ ကန်ကန်ဆိုတဲ့ကလေးငယ်ဟာ မွေးဖွားချိန်မှာကိုယ်အလေးချိန် ၁၄ ဒသမ ၈ ပေါင်ရှိပါတယ်။ အရပ်အမြင့်ကလည်း ပျမ်းမျှထက်နှစ်ဆရှိကာ ၁ပေနဲ့ ၁၁ လက်မနီးပါးရှိခဲ့ပါတယ်။ တရုတ်ရိုးရာအရ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ထွားကျိုင်းတဲ့ကလေးမွေးဖွားဖို့အတွက် အစားများများ စားလေ့ရှိကြပါတယ်။

မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်ချိန် ကိုယ်အလေးချိန်တိုးနေပြီး ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ရနေခဲ့တာကြောင့် အစားအသောက် ဆင်ခြင်ခဲ့ရပေမယ့် ကလေးငယ်ဟာ မိခင်ဆီမှ အာဟာရစုပ်ယူရာမှာ ပါးနပ်လွန်းခဲ့တယ်လို့ ဖခင်ဖြစ်သူကပြောပါတယ်။ မိသားစုက ဒီလိုကျန်းမာဝဖြိုးတဲ့ ကလေးတစ်ယောက်ရယူနိုင်တဲ့အပေါ် အလွန်ဂုဏ်ယူနေပြီး ကလေးဓာတ်ပုံတွေကို အင်တာနက်ပေါ် အပြိုင်အဆိုင်တင်ခဲ့ကြပါတယ်။

အိမ်နီးနားချင်းတွေကလည်း သူတို့မိသားစုအပေါ် အားကျချီးကျူးမှုတွေ ပြုလုပ်နေကြောင်းသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top