Healthy Life Ad
Life Style

ကိုယ်လုံးသေးသွယ်သော မိန်းကလေးတို့အတွက် ဖက်ရှင်

ကိုယ်လုံးသေးသွယ်တဲ့ မိန်းကလေးတွေဟာ ရင်သားသေးငယ်ပြီး ခန္ဓာကိုယ်အချိုးအစားကသေးတာကြောင့် အဝတ်အစားဝတ်ဆင်ရာမှာ အခက်အခဲတွေ့ရတတ်ပါတယ်။ အကြောင်းကတော့ ခေတ်ပေါ် ရယ်ဒီမိတ်အင်္ကျီအများစုက ကိုယ်လုံးသေးလွန်းသူတွေအတွက် အဆင်မပြေတတ်တာကြောင့်ပါ။

(၁) အတွင်းခံအင်္ကျီ

ကိုယ်လုံးသေးသွယ်ပြီး ရင်သားသေးတဲ့ မိန်းကလေးတွေအနေနဲ့ သေးငယ်တဲ့ရင်သားတွေကို ကြီးသယောင်ဖြစ်စေမယ့် အုံထူဘရာစီယာကိုဝတ်ဆင်ပါ။ ပုံသွင်းထားတဲ့ အခုအခံပါ ဘရာစီယာဟာ ရင်သားကို ပြည့်တင်းသယောင်ဖြစ်စေပါတယ်။ လူကသေးပြီး ရင်သားနေရာမှာ ချွန်ထွက်နေတာမျိုးမဖြစ်စေဖို့ စတုရန်းပုံထောင့်ကျတဲ့ ဘရာစီယာမျိုးရွေးသင့်ပါတယ်။

(၂) တီရှပ်နှင့် အပေါ်ကုတ်အင်္ကျီ

တီရှပ်အင်္ကျီကိုဝတ်ပြီး မိန်းမဆန်တဲ့ လက်ပြတ်ကုတ်အင်္ကျီ၊ ခါးတိုကုတ်အင်္ကျီစတဲ့ အပေါ်ကနေထပ်ဝတ်နိုင်တဲ့ အဆင်ဒီဇိုင်းဆန်းပြီး စတိုင်ကျတဲ့ အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ပေးပါ။ တခြားအင်္ကျီတွေဝတ်ရာမှာလည်း နှစ်ထပ်ဝတ်ဆင်ရတဲ့ အင်္ကျီတွေကို တတ်နိုင်သမျှရွေးဝတ်ပါ။ ဒါဟာ ပိန်သွယ်တယ်လို့မထင်ရစေဘဲ ကြည့်ကောင်းစေပါတယ်။

(၃) ဘောင်းဘီ

သေးသွယ်တဲ့မိန်းကလေးအများစုဟာ ခန္ဓာကိုယ်က တစ်လျှောက်လုံးသွယ်လျနေတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို နှစ်ထပ်ဝတ်စုံတွေနဲ့ ကြည့်ကောင်းအောင် ဝတ်ဆင်ပြီးပြီဆိုရင်တော့ ဘောင်းဘီကို တောက်ပပြီးအရောင်လွင်တဲ့ အမျိုးအစားရွေးဝတ်ပါ။

(၄) လက်ဝတ်လက်စားများ

ရင်သားသေးတာကို အာရုံမစိုက်နိုင်စေဖို့ လည်ဆွဲကြီးကြီးတွေ ဒါမှမဟုတ် မာဖလာတွေနဲ့လည်ပင်းကို အလှဆင်ထားနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top