Healthy Life Ad
Q & A

အမျိုးသားတွေ ကာမအားတိုးဆေး ငါးလုံးလောက်သောက်ရင်ဘာဖြစ်တတ်သလဲ . . .

မေး ။ ။ မေးစရာလေးရှိလို့ပါ။ အမျိုးသားတွေသောက်တဲ့ ကာမအားတိုးဆေး အင်္ဂလိပ်ဆေး အနီရောင်ဆေးလေးတွေကို တစ်ခါတည်းငါးလုံးလောက်သောက်ရင် ဘာဖြစ်တတ်လဲသိချင်လို့ပါ။
ကိုလတ် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ အမျိုးသားတွေပန်းသေပန်းညှိုးတဲ့အခါ သောက်ရတဲ့ဆေးကို ဆိုလိုတယ်ထင်ပါတယ်။ ဒီဆေးတွေဟာ ကာမအားတိုးဆေးမဟုတ်သလို သောက်ဖို့တကယ်လိုမှ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ရပါမယ်။

လိုတာထက်အများကြီးသောက်ရင် ခေါင်းကိုက်၊ ခေါင်းမူး၊ အမြင်ဝေ၀ါး၊ နှာရည်ယို၊ အစာလမ်း ကြောင်း ကမောက်ကမ ဖြစ် . . .စတာတွေ ဖြစ်စေ ပါတယ်။ အမျိုးသားအင်္ဂါ လိုတာထက် ပိုတင်းနေပြီး သွေးပြန်မဆင်းဘဲ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အခန့်မသင့်ရင် နှလုံးခုန်ရပ်ပြီး သေနိုင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top