Healthy Life Ad
Q & A

အောက်မျက်ခမ်းမှာလေ အဆီအိတ်လိုလို ပေါက်နေတယ် . . .

မေး။ ။ အောက်မျက်ခမ်းမှာလေ အဆီအိတ်လိုလို အရေပြားပေါ်မှာကပ်ပေါက်နေတာကိုဘယ်လိုခေါ်လဲ မသိဘူး။ ပြီးတော့ လေဆာနဲ့ဖျောက်ရင်ရော အန္တရာယ်ကြီးနိုင်လား ဆရာ။
ဒေါ်သီရိကြယ်စင်ခ (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ မျိုးဗီဇကြောင့်ဖြစ်လေ့ရှိတဲ့ Eye bags လို့ ယူဆရပါတယ်။ အတိအကျသိဖို့က စစ်ဆေးစမ်းသပ်ကြည့် ဖို့လိုပါတယ်။ သိပ်မဆိုးရင် ရေခဲဝတ်နဲ့ ၁၀ မိနစ် လောက်ဖိတာမျိုး တစ်နေ့ လေးငါးကြိမ်လုပ်တာနဲ့ သက်သာနိုင်ပါတယ်။ အငန်လျှော့စားပြီး ရေပိုသောက်ဖို့ လိုပါတယ်။ မသက်သာရင် ပိုဆိုးလာရင် ခွဲစိတ်ကုသနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top